သတင်း

အင်းတော်နယ်မှာ ညဘက်စစ်ကောင်စီရဲ့ဒရုန်းတွေ ပျံဝဲနေတဲ့အတွက် NUG ကျောင်းတွေကို ပိတ်ထားရ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ညဘက် ဒရုန်းတွေအသုံးပြုပြီးစစ်ရေးလှုပ် ရှားမှုတွေရှိနေတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG )စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က အင်းတော်မြို့နယ်ထဲမှာ ရှိနဲ့ မော်တိတ်ဒေသ၊မဲဇာဒေသတွေနဲ့ နဘားကျေးရွာတွေဘက်ကို စက်တင်ဘာ ၁၆ ရက်နေ့ ညကနေစပြီး ၂ ညဆက်တိုက် ဒရုန်းတွေအသုံးပြုပြီးစစ်ရေးလှုပ်ရှားနေတာကြောင့် ကျေးရွာတွေမှာဖွင့်လှစ်ထားတဲ့ NUG စာသင်ကျောင်းတွေကို ၇ ရက်တိတိ ပိတ်ထားမယ်လို့ အင်းတော်မြို့နယ် NUG ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးက KNGကိုပြောပါတယ်။

ဒရုန်းတွေဝဲနေတာ ၂ညရှိပြီ နေရာအနှံ့ကိုဝဲနေတာ ဒီကောင်တွေ(စစ်ကောင်စီ)ဘာလုပ်လာ မလဲမသိဘူးအဲ့ကြောင့် အခုကျောင်းတွေခနပိတ်ထားတယ် ဒီနေ့ကနေ စပိတ်ထားတာ ၇ ရက်တိိတိပိတ်တယ် တစ်မြို့နယ်လုံးပိတ်တာဗျလို့ အထက်ပါအမျိုးသားကပြောပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းတွေဟာ ည ၈နာရီကနေစပြီး ၉နာရီခွဲ ဝန်းကျင်အထိညစဥ်ပျံသန်းနေ တာဖြစ်ပြီး အင်းတော်မြို့အရပ်လေးမျက်နှာ မှာရှိတဲ့ ကျေးရွာတွေကို တစ်ချိန်တည်း ပျံဝဲနေတာလို့ဒေသခံတွေကဆိုပါတယ်။

နည်းနည်းလေးမဟုတ်ဘူးကျွန်တော်တို့ဒီ မြို့နယ်အနံ့ကိုဝဲတာ ညဆိုတော့မီးကို မိတ်လိုက် ဖွင့်လိုက်လုပ်ပြီးဝဲတာ မနေ့ကဆို မြေကြီးနဲ့နီးနီးလေး ဝါးနှစ်ပျံစာလောက်နိမ့်နိမ့်လေးမှာဝဲတာ။ မော်လူးဘက်တွေထိဝဲတယ်လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။

စစ်ကောင်စီကအခုလိုဒရုန်းနဲ့စစ်ရေးလှုပ်ရှားနေတာကြောင့် အင်းတော်မြို့နယ် ကျေးရွာပေါင်း ၁၄၀ ကျော်မှာ မှာရှိတဲ့ NUG ကျောင်းပေါင်း ၁၁၉ ကျောင်းလုံးကိုနယ်မြေလုံခြံရေးကြောင့် ဒီကနေ့ကနေစပြီးယာယီ ပိတ်လိုက်တာလို့သိရပါတယ်။

အင်းတော်နယ်ထဲက NUG ကျောင်းတွေဟာ ယခုနှစ် ဇွန်လကတည်းက ဖွင့်လှစ်နေတာဖြစ်ပြီး စစ်ဘေးရှောင်နေရတဲ့ကျေးရွာတွေထဲက ကျောင်းသားကျောင်းသူတွေကတော့ နီးစပ်ရာ ကျေးရွာတွေထဲက NUG ကျောင်းတွေဟာ တက်ရောက်နေတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ စက်တင်ဘာ ၉ ရက်နေ့ကလည်း အင်းတော်နယ် နတ်မဟုတ်ကလေး ကျေးရွာမှာရှိတဲ့ NUG စာသင်ကျောင်းကို အင်အား ၃၀ ကျော်နဲ့ဝင်စီးခဲ့ပေမယ့် ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ၊ဆရာမတွေအချိန်မှီတိမ်းရှောင်ခွင့်ရလိုက်ပြီးကျောင်းကိုတော့ယာယီပိတ်ထားရတယ်လို့သိရပါတယ်။

Show More

Related Articles

Back to top button