တိုက်ပွဲသတင်း

KIO ဌာနချုပ်အနီး စစ်ကောင်စီတပ် တစ်ရက်ထဲ ၃ ကျော့ ဗုံးကျဲတိုက်ခိုက်

တိုက်ပွဲဒေသဖြစ်နေတဲ့ နမ်ဆန်ယန်ကျေးရွာအနီး လိုင်လွမ့် အောင်ဂျာကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့ တစ်ရက်ထဲ ဂျက်ဖိုက်တာ  စီးနဲ့  ကြိမ်အထက် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အောက်တိုဘာလ  ရက် ဒီကနေ့ မနက်ပိုင်း  နာရီလောက်မှာတစ်ကြိမ်၊  နာရီမှာတစ်ကြိမ်၊  နာရီခွဲလောက်မှာ တစ်ကြိမ်  ကြိမ်တိတိ လာရောက်ဗုံးကျဲတိုက်ခိုက်သွားတယ်လို့ KNG ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက် KNG ကိုပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းလောက်မှာ ကျနော်တို့ဘက်နေ အရင်သွားတိုက်ခိုက်ခဲ့တာ။ ပြီးရင် ဒရုန်းနဲ့လည်း ဗုံးသွားချပေးတယ်။ အဲဒီအောင်ဂျာနဲ့ မဒီးယန်မှာ ပိတ်ဆို့နေတဲ့ စစ်ကောင်စီအဖွဲ့တွေ တော်တော် ထိပုံရတယ်။ အဲဒါကြောင့် KIA တွေရှိတဲ့ဘက်ကို လေကြောင်းနဲ့လာတိုက်နေတာလို့ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ လိုင်လွမ့်အောင်ဂျာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က သွားရောက်သိမ်းပိုက်နိုင်ခဲ့တဲ့နောက် အထက်မှာရှိတဲ့ တပ်စခန်းတစ်နေရာမှာ ထပ်မံပုန်းခိုနေတာကြောင့် အဲဒီနေရာကို KIA က ပိတ်ဆို့ပြီး နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကနေ လာရောက်ဗုံးကျဲတိုက်ခိုက်တဲ့အပြင် ခရာဘွမ့်၊ ဘွမ့်ရေဘွမ့်၊ ဟန်းဂိုင်ဘွမ် စတဲ့ စစ်တပ်နေရာတွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီဘက်ကနေ ဗုံးကျဲတိုက်ခိုက်နေတဲ့အပြင်  ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိဖို့ KIA ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ဒါ့အပြင် စက်တင်ဘာလ ၃၀ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မိုးမောက်မြို့နယ် နွမ်လန့်ရွာအထက် ပန်ဆပ်ရွာဟောင်း အနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ယနေ့ တစ်ရက်ထဲမှာပဲ  နေရာတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကနေ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားနေတာ  လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

Show More

Related Articles

Back to top button