တနင်္ဂနွေ၊ ဇွန်လ ၂ရက်၊ ၂၀၂၄

ဘူးသီးတောင် စိုင်းတင်တံတားအနီး ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွား


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၉ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စိုင်းတင်တံတားနှင့် ၎င်းတံတားအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဒေသခံတစ်ဦးက “ ဖြစ်တာက ဒီလ ၂၈ ရက်နေ့ မနက်ကနေ စဖြစ်တယ်။ ဒီနေ့ နေ့လယ်ထိ ဆက်ဖြစ်တယ်။ အခု နေ့လယ် ၂ နာရီကျော်မှ သေနတ်သံတွေ နည်းနည်း တိတ်သွားပါတယ်” ဟု ပြောသည်။

တိုက်ပွဲမှာ စိုင်းတင်တံတားပေါ်နှင့် အနီးဝန်းကျင်တွင် ဖြစ်ပွားနေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ စကစဘက်က အထိနာနေတယ်လို့ကြားတယ်။ အေအေက စိုင်းတင်တံတားပေါ်မှာ နေရာယူထားတဲ့ စစ်တပ်နဲ့ တံတားမြောက်ဘက်က စစ်စခန်းကို ဝင်တိုက်ပုံရပါတယ်။ အသေးစိတ်ဖြစ်စဉ်ကိုတော့ သိဖို့ မလွယ်နိုင်သေးပါ” ဟု ပြောကြားသည်။

ဇန်နဝါရီ ၂၇ ရက် နံနက် (၆) နာရီ (၄၀) မိနစ်အချိန်ခန့်မှစ၍ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်တံတားစခန်း အနီးတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကာ ဇန်နဝါရီ ၂၈ ရက်နေ့ တွင်လည်း တိုက်ပွဲမှာ ဆက်လက်ရှိနေခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတိုက်ပွဲတွင်လည်း စစ်ကောင်စီဖက်မှ အထိအခိုက်၊ အကျအဆုံးအချို့ရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ