spot_imgspot_imgspot_imgspot_img
Saturday, June 1, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံတော်သစ်တည်ဆောက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ နဲ့ NUG တို့ ဘုံသဘောထားရပ်တည်ချက် ချမှတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းကာလ ၃နှစ်အတွင်း စစ်ကောင်စီတပ်က ကျရှုံးမှုတွေများလာပြီး နိုင်ငံတော်ကို အသစ်ပြန်လည်တည်ဆောက်တဲ့နေရာမှာ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ဘုံသဘောထားရပ်တည်ချက်တွေကို ချမှတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူး(၂) ဦးအောင်ဆန်းမြင့်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ကောင်စီတပ်တွေက ဖွဲ့စည်းပုံတွေ ပျက်ကုန်ပြီ။ သူတို့ရဲ့ အဓိက တိုက်ပွဲတိုင်းမှာ ‌မြေပြင် တိုက်ပွဲတိုင်းမှာ သူတို့ ရှုံးနိမ့်နေကြတယ်။ တပ်ရင်း အလိုက် လက်နက်ချတာတွေ အလင်းဝင်တာတွေက အများကြီးပဲပေါ့။ ဒါ နောက်ပြီးတော့ သူတို့ရဲ့ အမိန့်တွေပေါ့နော်။ အမိန့်တွေက နာခံမှု မရှိတော့ဘူး။ ဒါက စစ်တပ်က ယိုင်လဲလာတဲ့ သဘောရှိတယ်လေ။ အဲ့အတွက်ကြောင့် စစ်တပ်က ယိုင်လဲ သွားပြီ ဆိုလို့ရှိရင် ပြည်သူနဲ့ ကျနော်တို့က ဒါနိုင်ငံတော်အသစ်ကို သွားဖို့ ကျနော်တို့ ပြင်ဆင်ရတာဖြစ်တယ်” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ “စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်” ကို ထုတ်ပြန်ခဲ့တာပါ။

ထုတ်ပြန်လိုက်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောထား ရပ်တည်ချက်တွေဟာ စစ်ရေး၊ နိုင်ငံရေး ၊ တော်လှန်ရေး နဲ့ ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဦးအောင်ဆန်းမြင့် က ဆက်ပြောပါတယ်။

“အခုက တော်လှန်ရေးက ကြားကာလလေ ပြီးတော့ အသွင်ကူးပြောင်းရေး ကာလ ၊ အသွင်ကူးပြောင်းရေးကာလမှာ ကျနော်တို့က အနာဂတ်ဖက်ဒရယ်ကောင်စီ ပြည်ထောင်စုတည်ဆောက်ရေး ကာလမှာ အပိုင်း ၃ပိုင်းရှိတယ်။ အဲ့တော့ ဒီအချိန်ကာလ ၃ ခုထဲမှာ ကျနော်တို့က ပြင်ဆင်ရမဲ့ဟာတွေကို ပြင်ဆင်တာပဲဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာ “ပြည်ထောင်စုအတွင်းမှာနေထိုင်ကြတဲ့ စုံလင်သော တိုင်းရင်းသားလူမျိုးစု တွေရဲ့ သရုပ်လက္ခဏာများကို ကာကွယ်မြင့်တင်ပေးတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ပြည်နယ်များဖြင့် စုဖွဲ့ထားတဲ့ ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်” ဆိုတဲ့ ရည်မှန်းချက် ပါရှိပါတယ်။

ဘုံသဘောထားရပ်တည်ချက်မှာ မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်၊ လုပ်ငန်းအဆင့်ဆင့် ပါဝင်ပြီး နိုင်ငံရေးမှာ မြန်မာစစ်တပ်ရဲ့ ပါဝင်မှုကို အဆုံးသတ်ရန်နဲ့ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝ ထားရှိသွားမယ်လို့လည်း ဆိုထားပါတယ်။

spot_img
spot_img

Recent posts