Home
မြန်မာသတင်း
လေးမျက်နှာမြို့နယ်၌ လယ်သမား ၆ ဦး ဖမ်းဆီးခံရ
DVB
·
October 19, 2023
LayMyatHnar_19102023

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စပါးရိတ်နေတဲ့ လယ်သမား ၆ ဦးကို အောက်တိုဘာ ၁၇ ရက်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ တောင်သူတွေက ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းက လေးမျက်နှာလမ်းမကြီးမှာ လူကြီးလမ်းကြောင်း လာနေစဉ် ထော်လာဂျီနဲ့ စပါးတိုက်နေတဲ့ တောင်သူ ၁ ဦး ဖမ်းဆီးခံခဲ့ရသလို အနီးနားမှာ စပါးရိတ်နေတဲ့ တောင်သူ ၅ ဦးပါ ဖမ်းဆီးခံခဲ့ရပါတယ်။

လယ်သမားမိသားစုဝင်တဦးက “ဒီရက်ထဲ မိုးလေးနားပြီး နေလေးပူတော့ ရိတ်တဲ့သူက ရိတ်တိုက်ပြီး လှမ်းတဲ့သူက လှမ်းပေါ့။ ထော်လာဂျီနဲ့ စပါးသယ်နေတာကို လူကြီးလမ်းကြောင်းလာနေတာ မသိဘူးလားဆိုပြီး ဖမ်းလိုက်တယ်။ စပါးရိတ်နေတဲ့ တောင်သူ ၅ ယောက်ကလည်း ဘာဖြစ်လို့လဲဆရာလို့ မေးတာ သူတို့ကိုပါ ဖမ်းသွားတယ်။ ညဘက်ရိတ်လည်း ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး ဖမ်း၊ နေ့ဘက်ရိတ်လည်း ဖမ်းဆို‌တော့ တောင်သူတွေက ဘာလုပ်ရမှန်း မသိတော့ပါဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ တောင်သူ ၆ ဦးကို လေးမျက်နှာမြို့မ ရဲစခန်းအချုပ်မှာ ထိန်းသိမ်းထားပြီး မိသားစုနဲ့ တွေ့ခွင့်ပေးပေမဲ့ ဘာအမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

လေးမျက်နှာမြို့မှာ စက်တင်ဘာနဲ့ အောက်တိုဘာလက မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် စပါးဧက ၅,၀၀၀ နီးပါး ရေနစ်မြုပ်ခဲ့သလို ဧက ၈၀၀ နီးပါးလည်း ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024