ပေါက်နယ်က ၃ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းမှာ အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း ၃ ကြောင်းကို ၃ ရက်ကြာအောင် တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ ဆီက သိရပါတယ်။

စစ်ကြောင်း ၃ ကြောင်းကို အောက်တိုဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ဒရုန်းနဲ့ ဗုံးကြဲတဲ့အပြင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒရုန်းနဲ့ဗုံးမကြဲခင် စစ်ကောင်စီစစ်ကြောင်း လာကတည်းက တိုက်ခိုက်မယ့်ကျေးရွာတွေကဒေသခံတွေကို ရွေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်အတွင်း ချောင်းကူးကျေးရွာ၊ ခဲပင်အင်းရွာနဲ့ ညောင်ရင်းရွာအနီးတို့မှာ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ၄ ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာ က ပြောပါတယ်။

ဒီနေ့မနက်မှာတော့ တိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာ ၇ ရွာလောက်က ဒေသခံပြည်သူတွေကို စစ်ဆေးတာတွေလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်က ပခုက္ကူတပ်မ ၁၀၁ ကထွက်လာတဲ့ စစ်သားတွေဖြစ်ပြီး လက်ရှိမှာတော့ ဇီးပြားရွာမှာရောက်နေတယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ၊ ပေါက် ပကဖ၊ ပခုက္ကူပြောက်ကျားနဲ့ တခြားမဟာမိတ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်ကလည်း အဲ့ဒီစစ်ကြောင်းကို ပေါက်မြို့နယ် ယာကြီးပြင်ရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့က တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦးသေပြီး ၇ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သတင်း #တိုက်ပွဲ #စစ်ကောင်စီ #ပကဖ #မကွေးတိုင်း #ပေါက်မြို့မယ် #ဒရုန်းတိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10