တိုက်ပွဲသတင်း

ကိုင်းထိပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်ပြီးစီးကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီ ခလရ ၁၀၂ တပ်ရင်းအောက် ကိုင်းထိပ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြုပြောဆိုပါတယ်။

မံစီမြို့နဲ့ မံဝိန်းကြီးမြို့ကြားမှာတည်ရှိတဲ့ ကိုင်းထိပ်စစ်ကောင်စီတပ်စခန်းကြီးကို ဇန်နဝါရီ ၂၉ ယနေ့နံနက်ပိုင်း  နာရီခန့်မှာ အပြီးစီးသိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ကိုင်းထိပ်တပ်စခန်းကို မနေ့ကတည်းက တိုက်ပြီး ဒီမနက်  နာရီခွဲလောက်မှာတော့ အပြီးအားလုံး သိမ်းပိုက်ရရှိပြီဖြစ်တယ်လို့ သတင်းပို့လာတယ်။ သူတို့ရဲ့ တပ်ရင်းက မဂျီဂုန်ဗျူဟာဆိုတော့ အဲ့ဘက်ကို အားလုံးထွက်ပြေးကုန်တာဖြစ်နိုင်တယ်ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

KIA တပ်ရင်း ၂၇ နယ်မြေရှိ မိုင်းခေါင်အနီး စစ်ကောင်စီ ခလရ ၁၀၂ မဂျီဂုန်တပ်ရင်းဗျူဟာကုန်းအောက်က ကိုင်းထိပ်စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၂၈ နေ့ နေ့လည်ပိုင်းကစပြီး KIA ဘက်က လက်နက်ကြီး၊ ဒရုန်းစစ်ဆင်ရေးတွေနဲ့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာကြောင့် ဒီနေ့ မနက်အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိုင်းထိပ်စစ်တပ်စခန်းက မံစီနဲ့ မံဝိန်းကြီးကြား ကားလမ်းမပေါ်ရှိ တစ်ခုတည်းသော အကြီးဆုံးတပ်စခန်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

KIA တပ်မဟာ  တပ်ရင်း ၂၇၊ တပ်ရင်း  အပါအဝင် PDF တွေပူးပေါင်းပြီး  ကိုင်းထပ်စစ်တပ်စခန်းကို လက်နက်ကြီးနဲ့ ဒရုန်းစစ်ဆင်ရေးဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကလည်း အခုလိုပြောပါတယ်။

ကိုင်းထိပ်စစ်တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ အများပိုင်းသုံးပြီး တိုက်စစ်အဖြစ် တိုက်ခိုက်ပြီးနောက် စစ်တပ်စခန်းထဲက စစ်သားတွေ မခံနိုင်တော့လို့ မနေ့ညနေပိုင်းပဲ ထွက်ပြေးသွားကြတာဟုတ်တယ်။  မနေ့ည  နာရီမှာ သူတို့ရဲ့ ခံတပ်ထဲဝင်နိုင်ပြီး ဒီမနက်တော့ အပြီးသိမ်းလိုက်တာဖြစ်တယ်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ရှမ်းကချင်တရုတ်နယ်စပ်မှာ တည်ရှိတဲ့ မံဝိန်းကြီးစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကိုင်းထိပ်စစ်တပ်စခန်းကုန်းကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

အဲ့ဘက်မှာက စစ်တပ်စခန်းမရှိတော့ဘူး။  မံစီနဲ့ မံဝိန်းကြီးသွားတဲ့ ကားလမ်းတစ်လျှောက်ပေါ့။ အဲ့ဒီကိုင်းထိပ်နဲ့ မံဝိန်းကြီးကြားက ကျောက်ဖျာစစ်တပ်စခန်းလည်း သူတို့ဟာသူတို့ ဆုတ်ခွာသွားပြီးဖြစ်တယ်။ အခုအဲ့ကားလမ်းတစ်လျှောက် စစ်တပ်စခန်းမရှိတော့ဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

လက်ရှိ မံဝိန်းကြီးဒေသ နဲ့ မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့အပြင် ဗန်းမော်မြို့ဘက်မှာလည်း စစ်ကောင်စီက ပြည်သူတွေကို ဖမ်းဆီး အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button