သတင်း

ဖားကန့်မှာ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး ခြေနေစိုးရိမ်ရ

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆိုင််ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်အမျိူးသားတစ်ဦး ဒီနေ့မနက်ပိုင်းက သေနတ်ပစ်ခံလိုက်ရကြောင်း မှော်ဝမ်းရပ်ကွက်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ မှော်ဝှမ်းရပ်ကွက် ရဲစခန်းအနီး မှာဧရာမြင့်မိုရ်နာမည်နဲ့ ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆိုင််ကယ်ရောင်းဝယ်ရေး ဆ်ိုင်ဖွင့်လှစ်ထားတဲ့ ဆိုင်ပိုင်ရှင် ဦးညီညီ အသက် ၄၀ ကျော် ဆိုသူဟာ ဒီကနေ စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်က သေနတ်ပစ်ခံလိုက်ရပြီး ပစ်ခံရတဲ့ဦးညီညီနဲ့ ရင်းနှီးသူက KNG ကိုပြောပါတယ်။

ဟုတ်တယ်ဗျ သုံးချက်ပစ်ခံလိုက်ရတယ် အခုဆေးရုံကိုတော့ချက်ချင်းဆေးရုံပို့ထားတယ်။ထိတာက သုံးချက် လည်ပင်းရှုပ်ထိတစ်ချက်၊ဘယ်ဘက် ပခုံးတစ်ချက်နဲ့ လက်မောင်းတစ်ချက်အသက်အန္တာရယ် တော့မစိုးရိမ်ရဘူးအခုဖားကန့်ဆေးရုံမှာလို့ သူနဲ့ရင်းနှီးတဲ့အမျိုးသားတစ်ဦးကပြောပါတယ်။

ဦးညီညီဟာ အိမ်စီးကားနဲ့ သူ့ရဲ့ဆိုင်ကိုအပြန် ဆိုင်မရောက်ခင်းပစ်ခတ်ခံလိုက်ရတာဖြစ်ပြီး ဘယ်သူတွေ လုပ်ကြံတယ်ဆိုတာကိုတော့ မသိလိုက်ရဘူးလို့ဆိုပါတယ်။

သူကကားစီးပြီးတော့ သူ့ဆိုင်ကိုပြန်လာတာ မှန်ချထားတာကားက အဲ့တာနောက်ကလိုက်ပြီးချောင်းပစ်သွားတာ ပစ်ခံရတာက သူ့ဆိုင်နဲ့မနီးအဝေး ဗောဓိကုန်းအဆင်းမှာလို့ ဖားကန့်မြို့နေ အခြားအမျိုးသားတစ်ဦးကပြောပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်အာဏာသိမ်းတဲ့ နောက်ပိုင်း စီးပွားရေး လုပ်ငန်းရှင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ တော်လှန်ရေးမှာပါဝင်နေသူတွေနဲ့ စစ်ကောင်စီနဲ့ဆက်နွယ်သူတွေ လုပ်ကြံသတ်ဖြတ်ခံရမှုမကြာခနဖြစ်ပွားနေတဲ့ နေရာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button