ပုလဲမြို့တွင် မိုင်းတွေ့၍ ပြည်သူ ၄ ဦးကို ရိုက်နှက်စစ်မေးသည့်ရဲ ဓားထိုးခံရ၍ သေဆုံး

ပုလဲမြို့တွင် မိုင်းတွေ့၍ ပြည်သူ ၄ ဦးကို ရိုက်နှက်စစ်မေးသည့်ရဲ ဓားထိုးခံရ၍ သေဆုံး

မတ် ၂၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ပုလဲမြို့မစျေးအနီးတွင် မိုင်းတွေ့ ရှိသောကြောင့် စစ်ကောင်စီက အနီးရှိပြည်သူ လေးဦးကိုမတ်လ၂၄ရက် မနက် ၉နာရီ ၃၀မိနစ်ခန့်တွင် ရိုက်နှက်စစ်မေးခဲ့ကြောင်း ဒေသခံထံက သိရသည်။

ထိုသို့ ရိုက်နှက်စစ်မေးမှုတွင် ပါဝင်သော ရဲတစ်ဦးမှာ ၎င်းကင်းပုန်းဝတ်ရာနေရာ ခါးပန်းနီကျောင်းဘက်သို့ ပြန်သွားပြီးနောက် အရက်ထွက်ဝယ်သည့်အချိန်၌ ဒေသခံပြောက်ကျားတပ်ဖွဲ့က ဓားဖြင့် ဝင်ရောက်ထိုးခြင်းဖြစ်သည်ဟု သိရသည်။

"မိုင်းက ကျွန်တော်တို့ ထောင်ထားတဲ့မိုင်းပဲ။ အဲ့ဒါကို စျေးသူစျေးသားတွေက တွေ့ပြီးဟိုလူ့ပြောဒီလူ့ပြောနဲ့ လုပ်လိုက်တော့ ဟိုကောင်တွေကရောက်လာတယ်။ အနားမှာရှိတဲ့ ပြည်သူလေးယောက်ကို ရိုက်နှက်စစ်မေးတယ်။ ခဏနေတော့ပြန်လွှတ်ပေးလိုက်တယ် ။ စစ်မေးတဲ့ထဲမှာ ပါတဲ့ရဲတစ်ယောက်က သူကင်းပုန်းဝပ်တဲ့ နေရာခါးပန်းနီကျောင်းကိုပြန်သွားတယ်။ အဲ့မှာ Mytel တာဝါတိုင်ရှိတယ်။ ကျွန်တော့်ရဲဘော်နှစ်ယောက်က နောက်ကလိုက်သွားပြီး သူအရက်ထွက်ဝယ်တဲ့အချိန်မှာ ဓားနဲ့ဝင်ထိုးလိုက်တာ"ဟု ဒေါင်းနက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါရဲက ပြန်လည်ခုခံပြီး လက်ထိပ်ဖြင့် ရိုက်နှက်သောကြောင့် ရဲဘော်တစ်ဦးလက်ကောက်ဝတ်ကျိုးသွားသည်ဟုသိရပြီး ဓားထိုးခံရသောရဲမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားသည်ဟု ၎င်းကပြောသည်။

မတ်လ ၆ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့မြို့ပေါ်ရှိ စိုက်ပျိုးရေးဘဏ်နှင့် စအဖ(အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့) ရုံးကြားတွင်ကင်းလှည့်နေသော စစ်ကောင်စီကားနှစ်စီးနှင့် ဆိုင်ကယ် ၁၀စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ပုလဲမြို့နယ်

#မြို့မစျေး

#မိုင်းတွေ့

#ဓားထိုးခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly