စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ - က နဲ့ တရားစွဲဆိုထားတဲ့ မန္တလေးမြို့ မြန်မာနိုင်ငံ တံခွန်တောင်သူလယ်သမားအဖွဲ့ချုပ် မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးလင်းထင်စိုးကို အိုးဘိုထောင်တွင်းတရားရုံးမှာ မတ်လ ၁၈ နေ့က ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ပါတယ်။
ကိုလင်းထင်စိုးရဲ့ ရှေ့နေက “ဒီနေ့ပဲ ထောင်တွင်းတရားရုံးကနေ အမိန့်ချတယ်။ အကြမ်းဖက်နဲ့ မဆိုင်တဲ့ သက်သေတွေ တင်ပြီးတော့ အမိန့်ချလိုက်တာ။ ရှာဖွေပုံစံအဟောင်းတွေ တင်ခဲ့တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံ တံခွန်တောင်သူလယ်သမားအဖွဲ့ချုပ် မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးလင်းထင်စိုးကို ဇူလိုင်လ ၁၈ ရက် ညပိုင်းက စစ်ကောင်စီက အင်အားအများအပြားနဲ့ ပြင်ဦးလွင်မှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ က နဲ့ ကနဦး တရားစွဲဆိုခံခဲ့ရပါတယ်။
ပုဒ်မ ၅၀၅ - က အတွက် အကြမ်းဖက်စစ်ကောင်စီက ဖြေလျော့ပေးခဲ့ပေမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ - က နဲ့ ထပ်မံ တရားစွဲဆိုခံခဲ့ရတာပါ။