Wednesday, April 24, 2024

တောင်ကြီး မြကန်သာအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ စစ်ကောင်စီ ထိခိုက်မှုရှိ

Must read

သျှမ်းပြည် တောင်ကြီးမြို့ရှိ မြကန်သာအဝိုင်းအနီးတွင် ချိတ်ထားသည့် စာတန်းမှ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်မှုရှိသွားကြောင်း သတင်းသိရသည်။

ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင်အချိန်တွင် တောင်ကြီး၊ မြကန်သာအနီး ချိတ်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဆဲဆိုထားသည့် “ငါတို့ပြန်လာခဲ့မယ်” ဆိုသည့်စာသားပါ သတိပေးစာတန်းအား စစ်ကောင်စီတပ်သားတို့မှ လာရောက်ဖြုတ်ချရာ ဗုံးပေါက်ကွဲမှုဖြစ်သွားကြောင်း သိရသည်။

“စစ်ကောင်စီတွေက အရောက် ၂၀ နီးပါးရောက်လာတယ်၊ အဲ့စာတန်းကို ဖြုတ်ချင်ဇောနဲ့ ဆွဲချလိုက်တာ တပ်ထားတဲ့ ဗုံးက ပေါက်ကွဲသွားပါတယ်၊ စစ်ကောင်စီတချို့ ထိသွားတယ်၊ ဘယ်နှယောက်လဲတော့ မသိရသေးဘူး” ဟု တောင်ကြီးမြို့မှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စာတန်းကို ယနေ့ မနက် အစောပိုင်းတွင် တောင်ကြီးမြို့ Local PDF တပ်ဖွဲ့တစ်ခုမှ လာရောက်ချိတ် ဆွဲထားခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်တို့ကို တိုက်ခိုက်ရန်အတွက် ပြင်ဆင်လုပ်ဆောင်ထားကြောင်း သိရသည်။

“အခုချိန်မှာ ကျနော်တို့ဘက်ကနေ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်၊ အဲ့ကြောင့် မိဘပြည်သူများအနေနဲ့ ဘာမြင်မြင် မကိုင်ကြည့်ပါနဲ့၊ စကစလုပ်ငန်းတွေ ရုံးတွေနဲ့ အဝေးဆုံးမှာ နေပေးကြပါလို့ မေတ္တာရပ်ခံပါတယ်” ဟုလည်း တောင်ကြီးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတို့သည် လွိုင်ကော်မြို့မှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်လေယာဥ်များနှင့်ပါ တိုက်ခိုက်နှိမ်နင်းနေသည့်အတွက် တောင်ကြီးမှ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း စစ်ကောင်စီကို တတ်နိုင်သည့်ဘက်မှ တိုက်ခိုက်သွားမည်ဟု သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article