သမိုင်းဖျက်ခဲ့သော မတ်လ(၂၇)

သမိုင်းဖျက်ခဲ့သော မတ်လ(၂၇)

မတ်လ ၂၇ ရက်

တောင်တန်းမြေပြန့်နဲ့အတူ ဖက်ဆစ်တွေကို တော်လှန်ခဲ့ကြတယ်။ သမိုင်းကိုဖျက်လို့မရဘူး။ တော်လှန်စိတ်ကို သက်လို့မရဘူး။ တစ်တိုင်းပြည်လုံးက အတူတကွညီညွှတ်စွာ ဖက်ဆစ်တွေကို တော်လှန်ခဲ့တယ်။ (၇၇) နှစ်တိုင်ခဲ့သော်လည်း ပြည်သူများ ရင်ထဲကမေ့ပျောက်မရတဲ့ သမိုင်းထဲက " တော်လှန်ရေး " နေ့။

ယနေ့ အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူလူထု၏အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့်အစား ပြည်သူပိုင်ပစ္စည်းများကို လူယူပြီး အိုးအိမ်များကို မီးရှို့ဖျက်ဆီးနေကြတာ မြင်တွေ့ရတော့ ဖက်ဆစ်သန္ဓေတည်ခဲ့တဲ့ တပ်မတော်ဟာ ဖက်ဆစ်ဝါဒကျင့်သုံးလုပ်ဆောင်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ (၂၇) နေ့မှာမုံရွာ - ပုသိမ်၊ မုံရွာ - ယင်းမာပင်၊ လမ်း ၅-၁ လမ်းဆုံမှာ ကျနော်တို့သပိတ်စစ်ကြောင်း ဖြိုခွဲခံခဲ့ရပါတယ်။ ယနေ့ဆိုရင် တစ်နှစ်ပြည့်ခဲ့ပြီပေါ့။

စိန်ခေါ်မှုတွေ ဖိနှိပ်မှုတွေရှိရှိ အဆုံးထိတော်လှန်သွားမှာပဲ ဖြစ်တယ်။

လက်ပံတောင်းတောင်ဒေသလူထုသပိတ်စစ်ကြောင်းမှာ " ငါတို့အားလုံး သွေးမအေး ဖက်ဆစ်တော်လှန်ရေး " စာတန်းကိုရေးခြစ်ပြီး အာဏာရှင်ဆန့်ရေးလူထု သပိတ်တိုက်ပွဲပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly