တောင်ဥက္ကလာ လျှပ်စစ်ရုံးအနီး ပေါက်ကွဲမှု စစ်ကောင်စီတပ်သားများ ထိခိုက်

တောင်ဥက္ကလာ လျှပ်စစ်ရုံးအနီး ပေါက်ကွဲမှု စစ်ကောင်စီတပ်သားများ ထိခိုက်

ဇန်နဝါရီလ ၁၆ ရက်

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးအနီး၌ ယနေ့ ဇန်နဝါရီ ၁၆ ရက် ညနေ ၆ နာရီ ၄၀ မိနစ် ဝန်းကျင်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ  မော်တော်ယာဉ် တစ်စီး ပျက်စီးခဲ့ပြီး အနီးရှိ စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော် တွေ့တာတော့ နေ့လယ်ထဲက ဒီကောင် (စစ်ကောင်စီတပ်သား) တွေ အဲ့ရုံးရှေ့မှာ ရှိနေတာ။ ဒီရက်ပိုင်းကလည်း မီးတွေ လိုက်ဖြတ်တဲ့အပြင် မီတာစာရွက်တွေပါ လိုက်ဝေထားတာတွေ ရှိသေးတော့ လူတွေကလည်း အုံးစေချင်နေတာ။ အခုတော့ အဲ့ရုံးနားမှာ ရပ်ထားတဲ့ကားလည်း တော်တော်လေးကိုမှ ထိသွားတာ။ အဲ့ကားမှာ ဗုံးထောင်ထားတာ ဖြစ်မယ်။ နောက်ပြီး စကစ တပ်သားတွေလည်း ထိတယ်၊ သေတော့ မသေဘူး” ဟု မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပြီးနောက် ယင်းရုံးအနီး၌ စစ်ကား၊ ရဲကားများနှင့် တပ်အင်အား ၄၀ ခန့်ရှိနေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်းကိုမူ မသိရသေးပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required