အလုံမြို့နယ် သခင်မြပန်းခြံရှိ YBS (၅၆) ယာဉ် မီးရှို့ဖျက်ဆီးခံရ

အလုံမြို့နယ် သခင်မြပန်းခြံရှိ YBS (၅၆) ယာဉ် မီးရှို့ဖျက်ဆီးခံရ

မတ်လ ၂၄ ရက်

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ သခင်မြပန်းခြံဘေးရှိ YBS( ၅၆) ယာဉ်လိုင်းမှ ယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးတိုက်ခိုက်လိုက်ကြောင်း မြို့ပြ ပြောက်ကျား အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရန်ကုန် အခြေစိုက် အထူးတာ၀န်လုပ်ငန်းအဖွဲ့ (Special Task Agency of Burma - STA) က မတ်လ ၂၃ ရက် ည ၈ နာရီ ၂၅ မိနစ်က မီးရှို့ဖျက်ဆီးတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဓာတ်ဆီနဲ့ ကားရှေ့ဘီးတွေကို လောင်းပြီး မီးရှို့လိုက်တာပါ။ အပျက်အစီးတော့ မသိရသေးဘူး။ ကျွန်တော်တို့ ဘက်ကတော့ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အကြမ်းဖက် စစ်ကောင်စီနဲ့အတူ လက်ပါးစေနဲ့၊ စစ်အုပ်စုရဲ့ ထောက်တိုင်တွေကို ရှင်းလင်းဖျက်ဆီးခြင်းတွေ ဆက်လက်လုပ်ဆောင်သွားမယ့် အကြောင်း စစ်အုပ်စုကို ထပ်မံသတိပေးလိုပါတယ် ” ဟု STA မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

Special Task Agency of Burma (STA) အဖွဲ့သည် စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန် အဆုံးသတ်တိုက်ပွဲဆင်နွှဲနေသော မြို့ပြစစ်သည်တော်များအဖွဲ့ဖြစ်ပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာပြည်သူတို့၏ လက်ထဲကို ပြန်လည် အပ်နှံနိုင်သည်အထိ မဆုတ်မနစ် တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required