နွားထိုးကြီးမြို့နယ် ဝက်လူးရွာရှိ  စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရကာ ၆ ဦးသေဆုံး 

နွားထိုးကြီးမြို့နယ် ဝက်လူးရွာရှိ  စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရကာ ၆ ဦးသေဆုံး 

မတလ ၂၇ ရက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာရှိ စစ်ကောင်စီတပ် စခန်းကို မတ်လ၂၆ ရက် ည ၇ နာရီဝန်းကျင်တွင် တိုက်ခိုက်ခဲ့သည်ဟု နွားထိုးကြီး  PDF ရဲဘော်ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ် စခန်းတွင် ဗျူဟာမှူး အပါအဝင် အင်အား ၆၀ ခန့်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးဖြင့် သုံးချက် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးပြီး ၎င်းတို့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွါနိုင် ခဲ့ကြောင်း ဆိုသည်။

“သေဆုံးသူ တွေကို ညတွင်းချင်း အလောင်း သဂြိုဟ်နေတယ်။ အိမ်စီးကား တစ်စီးရယ်၊ စစ်ကားအကြီး တစ်စီး နဲ့ ဆိုင်ကယ် တစ်စီး သုဿန်ဘက် ထွက်သွားပြီးတော့ သေနတ်တွေ ဖောက်သွားတယ်။ ကိုယ့်နေရာမှာ နေကြ တစ်ယောက်မှ ထွက်မကြည့်နဲ့ ထွက်ကြည့်တဲ့ သူတွေ အကုန် ပစ်သတ်မယ်လို့ အော်နေတယ်” ဟု နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

နွားထိုးကြီးမြို့နယ်၊ ဆူးဖြူးကုန်းရွာ အနီးတွင် မတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီယာဉ် တစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required