တိုက်ကြီးမြို့တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကား ဗုံးခွဲတိုက်ခိုက်ခံရ

တိုက်ကြီးမြို့တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကား ဗုံးခွဲတိုက်ခိုက်ခံရ

မတ်လ ၂၆ ရက်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ လျှပ်စစ်မီတာရုံးအနီးတွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကားကို ယနေ့ မတ်လ ၂၆ ရက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း From Zero To Hero မြို့ပြပြောက်ကျား အဖွဲ့က သတင်း ထုတ်ပြန်သည်။

"သူတို့ပုံမှန်ပတ်တယ်ဆိုတာ သိထားတော့ ကျွန်တော်တို့ ကြိုထောင်ထားတဲ့ သဘောပါ။ အင်အားတော့ အတိအကျမသိရဘူးဗျ။ စစ်ကားတစ်စီးပါ၊ ကားကိုတော့ထိမှန်သွားတယ်ဗျ။ ကျွန်တော်တို့လည်း လုံခြုံရေးအရပြန်ဆုတ်ခွာလာတော့ အကုန်မမြင်လိုက်ရဘူး။ မြေပြင်မှာတော့ အခက်ခဲကတော့ရှိပါတယ်။ ဒါပေမဲ့ ပြည်သူအတွက်ဘယ်တော့မှအားမလျှော့ဘူး အနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမှာပါ" ဟု From Zero To Hero အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုသည် တိုက်ကြီးမြို့နယ်မှ ဖမ်းဆီးခံထားရသူများအတွက် သွေးမအေးကြောင်း ဖော်ပြခြင်းဖြစ်ပြီး From Zero To Hero နှင့်  MCO LDF Army မြို့ပြပြောက်ကျား အဖွဲ့ တို့ ပူးပေါင်းကာ ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ခေတ်ပျက် စနစ်ဆိုးကို အခွင့်ကောင်းယူ၍ သောင်းကျန်နေသည့် သူခိုးဓားပြများ ကိုလည်း နှိမ်နင်း သွားမည်ဖြစ်ပြီး  မိမိတို့ ပတ်ဝန်းကျင်တွင် အဖွဲ့အစည်းလိုက် ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ ခိုးဆိုး လုယက်မှုများ ရှိနေပါက ၎င်းတို့အဖွဲ့ထံ တိုင်ကြားနိုင်ကြောင်းလည်း From Zero To Hero အဖွဲ့က အသိပေး ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required