မြောက်ဒဂုံမြို့နယ် အားကစားခန်းမရှေ့တွင် ဗုံးပေါက်ကွဲ

မြောက်ဒဂုံမြို့နယ် အားကစားခန်းမရှေ့တွင် ဗုံးပေါက်ကွဲ

မတ်လ ၂၇ ရက်

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ အားကစားခန်းမ ရှေ့တွင် မတ်လ ၂၆ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်က ဗုံးဖောက်ခွဲခဲ့ကြောင်း Generation Z Defence Force (GZDF) အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ အားကစားရုံတွင် စစ်ကောင်စီတပ် အင်အား ၅၀ ခန့် တပ်စွဲထားကြောင်း ဆိုသည်။

"လက်ပစ်ဗုံး အရင်ပစ်ပြီးမှ အဝေးထိန်း ခွဲလိုက်တာပါ။ ထိခိုက်မှုတော့ မသိရသေးဘူး။ ပြည်သူတွေလည်း ရှိနေတော့ ခွဲပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်လာရလို့ပါ" ဟု ၎င်းအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းတိုက်ခိုက်မှုကို Generation Z Defence Force (GZDF) နှင့် Human Right Defender (HRD) အဖွဲ့တို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ညက အသံတော့ ကြားလိုက်တယ်။ ဘယ်နေရာလဲ မသိလိုက်တာ" ဟု မြောက်ဒဂုံ အားကစားခန်းမ အနီးနေ ဒေသခံက ပြောသည်။

မတ်လ ၁၆ ရက်နေ့ကလည်း လှိုင်မြို့နယ် (၁၂) ရပ်ကွက်၊ ပါရမီလမ်းနှင့် မင်းဓမ္မ လမ်းထောင့်ရှိ  ပညာရေးဝန်ကြီးဌာန ပညာ့ရိပ်သာ၊ Non CDM ဝန်ထမ်း အဆောင်အနီးတွင် ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required