ရေဖြူမြို့ နဘုလယ်ရွာတွင် ကြံ့ခိုင်ရေး ပါတီဝင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ

By ကိုရွှေမြိတ်
13 January 2022
ရေဖြူမြို့ နဘုလယ်ရွာတွင် ကြံ့ခိုင်ရေး ပါတီဝင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ

ဇန်နဝါရီ ၁၃

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘူလယ် ဒေသ ထိန်ကြီးရွာရှိ ဒလန်ဟု နာမည်ထွက်နေသူ ကြံ့ခိုင်ရေး ပါတီဝင် အမျိုးသား တစ်ဦးကို ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အသက်ခံရသူမှာ အသက် ၅၀ နီးပါးအရွယ်ရှိ ဦးဇော် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"ဆိုင်ကယ် စီးလာရင်းနဲ့ ပစ်ခတ်ခံရတာပါ။ သူက ဒလန် တစ်ဦး ဖြစ်တယ်လို့ သတင်းထွက်နေသူ ဖြစ်တယ်" ဟု နဘူလယ် ဒေသခံ တစ်ဦးက ပြောသည်။

ယခု အသက်ခံရသည့် ဦးဇော်သည် CDM ဝန်ထမ်းများနှင့် ပတ်သက်ပြီး သတင်းပေး တိုင်ကြားခြင်း၊ စစ်တပ်နှင့် အတူ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ တရားမဝင် လောင်းကစား ဝိုင်း များကို စစ်တပ်နှင့် ပူးပေါင်း လုပ်ဆောင်ခြင်း စသည့် အကြောင်းအရာများကြောင့် ပတ်ခတ် ခဲ့ခြင်း ဖြစ်သည်ဟု ရေဖြူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ Ye Phyu People Defence Force-DYNAMITE (YPDF) ထုတ်ပြန်ချက်တွင် ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly