ဖားကန့် မြို့မရဲစခန်းအတွင်း ဗုံးပေါက်ကွဲ၍ ရဲ ၃ ဦး သေဆုံးဟုဆို

ဖားကန့် မြို့မရဲစခန်းအတွင်း ဗုံးပေါက်ကွဲ၍ ရဲ ၃ ဦး သေဆုံးဟုဆို

မတ်လ ၂၄ ရက်

ကချင်ပြည်နယ်၊ ဖားကန့် မြို့မရဲစခန်း အတွင်း ယနေ့ မတ်လ ၂၄ ရက် ညနေ ၃ နာရီခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ရဲသုံးဦး သေဆုံးကြောင်း ကနဦး သိရသည်။ 

ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ  ဖားကန့် ရဲစခန်း အနီးရှိ ဥရု ရတနာ ကျောက်စိမ်း တံတားထိပ်တွင် ပိတ်ဆို့ကာ ပြည်သူများ၏ ဆိုင်ကယ် တူးဘောက် စစ်ဆေးခြင်း ကားများ တံခါးဖွင့် စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဖမ်းဆီး ခံရသူ ရှိ၊ မရှိ လတ်တလော မသိရှိရသေးကြောင်း သိရသည်။

မတ်လ ၂၂ ရက်နှင့် ၂၃ ရက် မနက် ၉ နာရီခန့်ကလည်း ဖားကန့် မြို့မ ရဲစခန်း ရှေ့တွင် လမ်းသွား လမ်းလာ ပြည်သူများအား အလားတူ စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခု ရက်ပိုင်း ဖားကန့်မြို့ ဝန်းကျင်ရှိ ဖားပြင် ၊ မော်မုံ၊ မန ၊ မျောက်ဖြူ ၊ မော်မောင်းလယန် ၊ တောင်ပြို ၊ဗလခ နှင့် အခြားမှော်များသို့ ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့် နေကြောင်း သိရသည်။

ဖားကန့်မြို့ကို စစ်ကောင်စီက အင်တာနက် ဖြတ်ကာ သတင်း အမှောင်ချထား သည်မှာ ခုနှစ်လကျော် ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required