စားမေးပွဲ မေးခွန်းများ သယ်ဆောင်လာသည့် ရဟတ်ယာဉ်ပျက်ကျဟု စစ်ကောင်စီဆို

စားမေးပွဲ မေးခွန်းများ သယ်ဆောင်လာသည့် ရဟတ်ယာဉ်ပျက်ကျဟု စစ်ကောင်စီဆို

မတ် ၂၉

ချင်းပြည်နယ်၊ ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်နှင့် (၂၆၆) တပ်စခန်း အနီးရှိ ရုန်းတောင်ကြား ထင်းရှုးတောထဲ ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ရာ တက္ကသိုလ် ဝင်တန်း စာမေးပွဲ မေးခွန်းများ သယ်ဆောင်လာသည့် ရဟတ်ယာဉ် ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

စာမေးပွဲမေးခွန်းများကို ကလေးမြို့မှ တစ်ဆင့် သယ်ဆောင်လာခြင်း ဖြစ်ပြီး ဟားခါးမြို့သို့ ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့သည်ဟု စစ်ကောင်စီ၏ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို ဖြေကြားထားသည်။

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် စစ်ကောင်စီ တပ်သား နှစ်ဦးနှင့် ပညာရေး ဝန်ထမ်း သုံးဦး အနည်းငယ် ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သယ်ဆောင်လာသည့် တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းများ ပျက်စီးမှု မရှိဘဲ ပျက်ကျသည့် ရဟတ်ယာဉ်ကို ကရိန်းဖြင့် ပြန်ဆွဲနေကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ဒေသခံ ကာကွယ်ရေး တပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲများကြောင့် ကုန်လမ်း မသုံးမပြုဘဲ အစိုးရ ကိစ္စများ၊ ရုံးလုပ်ငန်းများနှင့် ဝန်ထမ်းများ သွားလာရေးကို စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့်စီစဉ်ပေးသည်ဟု သိရသည်။

ဓာတ်ပုံ- ရဟတ်ယာဉ်ပျက်ကျသွားသောနေရာကို အဝေးမှမြင်ရစဉ်

#Mizzima

#ရဟတ်ယာဉ်

#ပျက်ကျ

#စာမေးပွဲ

#ဟားခါးမြို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly