Home သတင်း ‌နေရပ်ပြန်ရန် ဖိအား‌ပေးခံရမှာကို ထိုင်းဘက်ရှိ စစ်‌ဘေး‌ရှောင်သူများ စိုးရိမ်ထိတ်လန့်‌နေ

‌နေရပ်ပြန်ရန် ဖိအား‌ပေးခံရမှာကို ထိုင်းဘက်ရှိ စစ်‌ဘေး‌ရှောင်သူများ စိုးရိမ်ထိတ်လန့်‌နေ

987
Photo: CJ

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

‌လေး‌ကေ‌ကော် ‌ဒေသတွင်း တိုက်ပွဲ‌ကြောင့် ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်‌ပြေး ခိုလှုံ‌နေရသည့်‌ဒေသခံများအား မြန်မာပြည်ဘက်အခြမ်းသို့ ‌နေရပ်ပြန်လည် ဝင် ‌ရောက်‌နေထိုင်ကြရန် စစ်‌ကောင်စီဘက်က ‌ပြောဆိုလာမှုများရှိ သည့်အ‌ပေါ် ‌နေရပ်ပြန်ရန် ဖိအား‌ပေးခံရမှာကို စိုးရိမ်ထိတ်လန့်‌နေ‌ကြောင်း ထိုင်းဘက်အခြမ်းတွင် ယာယီခိုလှုံ ‌နေထိုင်သူများက ‌ပြောသည်။

‌လေး‌ကေ‌ကော်‌ဒေသတစ်ခုလုံးကို စစ်‌ရေးအရ ထိန်းချုပ်နိုင်ပြီဟု စစ်‌ကောင်စီဘက် က ထုတ်‌ဖော်‌ပြောဆို လာသည့်တပြိုင်နက် စစ်‌ရှောင်ပြည်သူများ ‌နေရပ်သို့ ပြန်လည် ဝင်‌ရောက်‌နေထိုင်ကြရန် ထိုင်း- မြန်မာနှစ်ဘက် ‌ဒေသအုပ်ချုပ်‌ရေး တာဝန်ရှိသူ များက ချိတ်ဆက်‌ပြောဆိုမှုများရှိလာသည်ဟု သတင်းထွက် ‌ပေါ်‌နေမှုအ‌ပေါ် ယခုလို စိုးရိမ်ထိတ်လန့်‌နေကြခြင်းဖြစ်သည်ဟု ထိုင်းဘက်ခြမ်းတွင် ယာယီခိုလှုံ‌နေသူ တစ်ဦးက ‌ပြောသည်။

၎င်းက “မ‌နေ့က ထိုင်းဘက်တာဝန်ရှိသူ‌တွေက လက်ကိုင်စပီကာနဲ့ လာ‌ပြောတယ်။ မြန်မာဘက်ကို ပြန်လို့ ရပြီ‌ပေါ့‌နော်။ စစ်‌ရှောင်‌တွေက မပြန်ရဲဘူး‌ပြော‌တော့ သူတို့ အစီအစဉ်က မြဝတီဘက် စစ်‌ကောင်စီအုပ်ချုပ်‌ရေးပိုင်းရဲ့စီစဉ်မှုနဲ့ မြဝတီ‌ကျောက် လုံးကြီးစခန်းကို တစ်‌နေ့လူတစ်ရာ ပြန်ပို့မယ်၊ အဲ့မှာ တပတ်‌လောက်ထားမယ်။ စိစစ်မယ်။ ပြီးရင် ရွာကအုပ်ချုပ်‌ရေးမှူး‌တွေလာ‌ခေါ်မှ ပြန်ထည့်‌ပေးမယ် ‌ပြော‌တော့ ကျ‌နော်တို့‌တော့ အဲ့အစီအစဉ်တိုင်း မပြန်ရဲဘူး။ အများစုက ဖမ်းမှာ၊ စစ်‌ဆေးမှာ‌တွေ ‌ကြောက်ရပါတယ်။ “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်နှစ် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်‌နေ့တွင် စတင်ဖြစ်ပွားသည့် ‌လေး‌ကေ ‌ကော်‌ဒေသတိုက်ပွဲ စစ်‌ရေးပဋိပက္ခ‌ကြောင့် ထိုင်းနိုင်ငံဘက်သို့ သွား‌ရောက် ခိုလှုံ‌နေ သူ စစ်‌ရှောင်သုံး ‌ထောင်ခန့်အနက် ယခင်ရက်များက နယ်ခြာ‌စောင့်တပ်- BGF မှ ဗိုလ်မှူး‌စောမုတ်သုန် အစီအစဉ်ဖြင့် လူ ၅၀ဝ ‌ကျော်မှာ မြဝတီဘက်မှတစ်ဆင့် ပြန်လည်ဝင်‌ရောက် ‌နေရပ်ပြန်ခဲ့ကြသည်။

၎င်းအစီအစဉ်ဖြင့် ဇန်နဝါရီလ ၃ ရက်က ဖလူး‌လေး‌ကျေးရွာသို့ ပြန်လည် ‌နေထိုင်သူ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်‌သေဆုံးပြီး ၃ ဦးခန့် ဒဏ်ရာရရှိကြသည့် ဖြစ်စဉ်‌နောက်ပိုင်း တိုက်ပွဲဖြစ်ထားသည့် ‌ကျေးရွာများဘက်သို့ ပြန်လည်‌နေထိုင်သူ အနည်းအကျဉ်းသာရှိပြီး ၎င်းတို့‌နေရပ်ရင်းဖြစ်‌သော ပဲခူးတိုင်း၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ် အခြား‌ဒေသများသို့ ‌ရွှေ့‌ပြောင်း ‌နေရပ်ပြန်သွားကြ‌ကြောင်း စစ်‌ဘေး‌ရှောင်များ‌ပြောဆိုချက်အရ သိရသည်။

ထို့အတူ ‌သောင်ရင်းမြစ်‌ဘေး သဲ‌သောင်ခုံ‌နေရာကိုင်း‌တော‌နေများများတွင် ခိုလှုံ‌နေ ကြ‌သော ‌လေး‌ကေ‌ကော် ငြိမ်းချမ်း‌ရေးမြို့ သစ်‌နေ ထိုင်သူများနှင့် ရ‌သေ့ဂူ၊ ဖလူးကြီး၊ ဖလူး‌လေး ၊ ထီးမယ်ဝါးခီးနှင့် ပဟိက‌လော် ‌ကျေးရွာများမှ ရွာသားများအား ‌နေရပ်ပြန်လည်‌နေထိုင်ရန် စစ်‌ကောင်စီ လက်‌အောက်ခံ အုပ်ချုပ် ‌ရေးပိုင်းမှ လာ‌ရောက်ဆက်သွယ် ‌ပြောဆိုမှုများရှိသည်ဟုလည်း ‌ဒေသသတင်း အရင်းအမြစ် များအရ သိရသည်။

Photo: CJ

သို့‌သော်လည်း ‌လေး‌ကေ‌ကော်မြို့သစ် ရပ်ကွက်တွင်းနှင့် ‌ကျေးရွာများတွင် စစ်‌ကောင်စီတပ်များ ဝင်‌ရောက်‌နေထိုင်‌နေကြသည့်အတွက် ‌နေရပ်ပြန်‌နေရန် မဖြစ်နိုင်‌ကြောင်း စစ်‌ဘေး‌ရှောင်ကူညီ‌နေသည့် ‌လေး‌ကေ‌ကော် ‌ဒေသကရင်လူငယ် ကွန်ရက်အဖွဲ့ ဝင်တစ်ဦးက ‌ပြောသည်။

” ‌လေး‌ကေ‌ကော်မှာက အားလုံး ပျက်စီး‌နေပြီ၊ စစ်‌ကောင်စီစစ်သား‌တွေက ‌လေး‌ကေ‌ကော် အုပ်ချုပ်‌ရေးရုံး ၊ စာသင်‌ကျောင်း၊ စာကြည့်တိုက်နဲ့ လူ‌နေအိမ် ‌တွေမှာ ‌နေထိုင်‌နေတာရှိတယ်။ စိတ်မချရပါဘူး။ လက်နက်ကြီး ကျပြီး မ‌ပေါက်ကွဲ ‌သေးတာ‌တွေ ရှိပါတယ်။ မိုင်း‌ထောင်ထားတာ‌တွေ ရှိမရှိဆိုတာ လည်းဘယ်သူမှ အာမမခံပါဘူး။ “ဟု အဆိုပါ လူငယ်က ‌ပြောသည်။

တဆက်တည်းတွင် ယမန်‌နေ့ ဇန်နဝါရီလ ၁၇ရက်‌နေ့က ကုလသမဂ္ဂ အ‌ထွေ‌ထွေ အ တွင်း‌ရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ Noeleen Heyzer နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ တို့‌တွေ့ဆုံခဲ့ရာ တွင် ထိုင်းနိုင်ငံအ‌နေဖြင့် မြန်မာနိုင်ငံတွင်း ပဋိပက္ခအ‌ခြေအ‌နေများ ပိုဆိုးမလာ ‌အောင် ကူညီ‌ပေးရန်နှင့် မြန်မာနိုင်ငံတွင်း ပဋိပက္ခ‌ဒေသမှ ထွက်‌ပြေးလာ‌သော ဒုက္ခ သည်များ အကာအကွယ်‌ပေးရန် ထိုင်းအစိုးရကို ‌တောင်းဆိုခဲ့သည်ဟု ‌ကြေညာချက် ထုတ်ကာ ‌ပြောဆိုထားသည်။

‌လေး‌ကေ‌ကော် ‌ဒေသအတွင်း ဇန်နဝါရီလ ၁၄ ရက် ဖလူး‌လေး‌ကျေးရွာ တိုက်ပွဲ ‌ကြောင့် ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော်-DKDA မှ ဗိုလ်မှူး ‌စောစလုံး စခန်း အား ဆုတ်ခွာ‌ပေးခဲ့ရပြီး‌နောက်ပိုင်း စစ်‌ကောင်စီတပ်များဘက်မှ ‌လေး‌ကေ‌ကော်၊ ဖလူးကြီး၊ ဖလူး‌လေး‌ကျေးရွာများဘက်သို့ စစ်အင်အားတိုးချဲ့အင်အား ဖြည့်တင်း မှုများ ‌နေ့စဉ်လုပ်‌ဆောင်‌နေသည်ဟု ‌ဒေသတွင်း သတင်းအရင်း အမြစ်များက ‌ပြော သည်။

ထို့အပြင် လာမည့် ရက်များအတွင်း မြဝတီမှ-‌ကျောက်ခက်-ဆုံဆည်းမြိုင်-‌ဝေါ‌လေ ‌ဒေသတစ်‌လျှောက်ရှိ စစ်အာဏာရှင် ဆန့်ကျင်‌တော်လှန်‌နေကြသည့် KNLA ပူး‌ပေါင်း တပ်ဖွဲ့များအား စစ်ဆင်‌ရေး အသွင်ဖြင့် စစ်‌ကြောင်းထိုး နယ်‌မြေရှင်းလင်း‌ရေးလုပ် ‌ဆောင်ရန် ပြင်ဆင်‌နေသည့်အတွက် နှစ်ဘက်တိုက်ပွဲ ကြီးများ ဆက်လက် ဖြစ်ပွား လာနိုင်‌ကြောင်း စစ်‌ကောင်စီတပ်နှင့် နီးစပ်သူများ‌ပြောစကားအရ သိရသည်။