မြစ်ကြီးနားမြို့၌  ဗုံးကွဲ 

မြစ်ကြီးနားမြို့၌  ဗုံးကွဲ 

ဇန်နဝါရီလ ၂၀ ရက်

မြစ်ကြီးနားမြို့ရှိ  ခရိုင် ကြံခိုင်ရေးရုံး၌  ယနေ့ ဇန်နဝါရီလ ၂၀ရက် ည ၈ နာရီခွဲ ဝန်းကျင်တွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဒေသခံထံက သိရသည်။ 

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။ 

ယမန်နေ့ကလည်း မြစ်ကြီးနား မြို့ပေါ်ရပ်ကွက် တစ်ခု ဖြစ်သည့် ခေမာသီရိ ရပ်ကွက်၌ ည ၁၀ နာရီ ကျော်တွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့်  ဖုန်းဆက်သွယ်ရေး ဆက်ကြောင်း ပေါင်းစုံ တပ်ဆင်ထားသည့် ဆက်သွယ်ရေး သံ‌‌သေတ္တာဘောက် တစ်ခု ပျက်စီးခဲ့သည်။

ပုံစာ - မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် ယမန်နေ့ညက ပေါက်ကွဲခဲ့အပြီး မြင်ကွင်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required