တမူးမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆန္ဒပြခေါင်းဆောင် အိမ်များကို စစ်တပ် ချိပ်ပိတ်

တမူးမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆန္ဒပြခေါင်းဆောင် အိမ်များကို စစ်တပ် ချိပ်ပိတ်

ဇန်နဝါရီ ၂၀

တမူးမြို့၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ၏ အိမ်များနှင့် အာဏာသိမ်းမှု ဆန္ဒပြခေါင်းဆောင်များ၏ နေအိမ်များကို စစ်တပ်က လာရောက်ချိပ်ပိတ် သွားသည်။

ဇန်နဝါရီ ၁၉ရက်တွင် တမူးမြို့ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၊ တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်ဦး နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေး နေအိမ်တို့ ချိပ်ပိတ်ခံခဲ့ရသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်လတ် ၊ ဆန္ဒပြခေါင်းဆောင် ကိုယဉ်ကိုဦး ၊ ဆန္ဒပြခေါင်းဆောင် ကိုကဘော်ဆုသန်း၊ ပရဟိတ ခေါင်းဆောင် ကိုမင်းဗိုလ် နှင့် ဒေသခံ PDF တပ်ဖွဲ့မှ ကိုအောင်ဖြိုးကြွယ်တို့၏ နေအိမ်များ ပိတ်ခံခဲ့ရသည်။

ချိပ်ပိတ်အပြီး နေအိမ်၏ အပြင်ဘက်၌ ချိတ်ဆွဲထားသည့် ဗွီနိုင်းတွင် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ် နေသောကြောင့် နိုင်ငံတော်ပိုင် အဖြစ် သိမ်းဆည်း ခဲ့ရသည်ဟု စွပ်စွဲ ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required