Home သတင်း စစ်‌ကောင်စီ ဖမ်းဆီးခြင်းခံခဲ့ရသူ ကရင်လူငယ် အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ် ၂နှစ်ကျခံရ

စစ်‌ကောင်စီ ဖမ်းဆီးခြင်းခံခဲ့ရသူ ကရင်လူငယ် အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ် ၂နှစ်ကျခံရ

2635

နိုဝင်ဘာ ၂၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

စစ်တပ်က အာဏာသိမ်းခဲ့ပြီး‌နောက် မတ်လအတွင်း စစ်‌ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံရသည့် ဖားအံမြို့မှ ကရင်လူ ငယ် ‌စောလင်းထက်ကို ယ‌နေ့ နိုဝင်ဘာလ ၂၃ရက်တွင် အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ် ၂နှစ် စီရင်ချက် ချမှတ်ခဲ့ ‌ကြောင်း ဖားအံမြို့ရှိ ၎င်းနှင့်နီးစပ်ရာ သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဖမ်းဆီးခံရသည်မှာ ၈လနီးပါးရှိပြီဖြစ်သည့် ‌စောလင်းထက်ကို ဖားအံမြို့၊ ‌တောင်က‌လေးအကျဉ်း‌ထောင်တွင် ချုပ် ‌နှောင်ထိန်းသိမ်းထားခဲ့ပြီး‌နောက်ပိုင်း ရုံးထုတ်စစ်‌ဆေးခဲ့မှုရှိခဲ့‌သော်လည်း ယမန်‌နေ့မှသာ ‌တောင်က‌လေး‌ထောင်အ တွင်း၌ ရုံးထုတ်ကာ စီရင်ချက်ချခဲ့ခြင်းဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ နီးစပ်သူတစ်ဦးက ‌ပြောသည်။

“ချုပ်ရက်က ၇လ‌ကျော် ၈လ‌လောက် ရှိပြီ။ ဒီမတိုင်ခင်က သူ‌ထောင်ကျမယ်ဆိုတာ သူသိတယ်။ ခု‌တော့ ၅၀၅(က) အမှုနဲ့ စီရင်ချက်ချတာလို့‌တော့ သိရတယ်။ စီရင်ချက်ချလို့ ‌ထောင်ကျရင်‌တော့ သူလည်း ‌တောင်က‌လေး ‌ထောင်မ ကြီးအ‌ဆောင်ဘက်ကို ‌ထောင်သားအဖြစ် ‌ရွှေ့‌နေရမယ့်သ‌ဘော။ သူ့အတွက် ထပ်မံ ဆု‌တောင်း‌ပေးကြဖို့‌တော့ သူ မှာတယ်တဲ့။”ဟု အဆိုပါနီးစပ်သူ ဖားအံမြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် မတ်လက ဖားအံမြို့ပြင်ရှိ နည်းပညာတက္ကသိုလ်‌ရှေ့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်က ‌စောလင်းထက် ‌မောင်းနှင်လာသည့် ကားကို တားဆီးစစ်‌ဆေးကာ ဖမ်းဆီးသွားခဲ့ပြီး‌နောက် ထို‌နေ့ည‌နေပိုင်းတွင် ၎င်း၏‌နေအိမ်သို့ လည်း သွား‌ရောက်ရှာ‌ဖွေခဲ့ကြ‌ကြောင်း သိရှိရသည်။

အဆိုပါကရင်လူငယ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး‌နောက် ရက်အနည်းငယ်တွင် ရန်ကုန်မြို့ရှိ စစ်‌ကြော‌ရေးစခန်းသို့ ‌ခေါ်‌ဆောင်သွားကာ ပြင်းထန်သည့် စစ်‌ဆေးမှု ပြုလုပ်ခဲ့‌ကြောင်း သိရသည်။ သူသည် ထိန်းသိမ်းခံ‌နေရချိန်တွင် ကိုဗစ်ကူးစက်မှု ဖြစ်ပွားခဲ့‌သေးသည်ဟုလည်း မိသားစုနှင့် နီးစပ်သူများ၏ ‌ပြော ဆိုချက်များအရ သိရသည်။