မြစ်ကြီးနားမြို့တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွား

မြစ်ကြီးနားမြို့တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွား

ဒီဇင်ဘာ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၃၀ ညနေ ခြောက်နာရီကျော်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အေးမြသာယာရပ်ကွက်ရှိ နောင်းပုံတံတားနှင့် အောင်နန်းရပ်ကွက်ရှိ မီးရထားဝင်းတို့တွင် တစ်ပြိုင်နက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အေးမြသာယာရပ်ကွက်အနီးတွင် မြစ်ကြီးနားမြို့၏ အထိုင်တပ်တစ်ခုဖြစ်သည့် အမှတ် (၃၇) ခြေလျင်တပ်ရင်း နှင့် အမှတ် (၇) ပညာရေး လေ့ကျင့်ရေးတပ်တို့ တည်ရှိနေပြီး အောင်နန်းရပ်ကွက်တွင် မြစ်ကြီးနား မီးရထားဘူတာရုံနှင့် မီးရထားရဲတပ်ဖွဲ့များ တည်ရှိသည်။

အဆိုပါ ပေါက်ကွဲမှုများကြောင့် ထိခိုက်ပျက်စီးမှုကို စုံစမ်းနေဆဲဖြစ်သည်။

မြစ်ကြီးနားတွင် ယမန်နေ့ နံနက် ၉ နာရီကျော်ကလည်း မြစ်ကြီးနား တရားလွှတ်တော်ရုံးအတွင်း အသံမိုင်းပေါက်ကွဲခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly