သောကြာ၊ မေလ ၂၄ရက်၊ ၂၀၂၄

နိုဝင်ဘာ ၂၁ မှ၂၃ ရက်ထိ (၃) ရက်တာအတွင်း စစ်ကိုင်းတိုင်းတွင် တပ်စခန်း ၄ ခုကို တော်လှန်ရေး အင်အားစုများ သိမ်းပိုက်နိုင်ခဲ့


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 657

နိုဝင်ဘာ ၂၁ မှ၂၃ ရက်ထိ (၃) ရက်တာအတွင်း စစ်ကိုင်းတိုင်းတွင် တပ်စခန်း ၄ ခုကို တော်လှန်ရေး အင်အားစုများ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကာ အရှင် ၄၁ ဦးဖမ်းမိ

(လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း NUG ထုတ်ပြန်)

ပြည်သူ့ကာကွယ်ရေး ပူးပါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကိုင်းတိုင်းအတွင် လွန်ခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နှင့် ၂၃ ရက်နေ့အထိ (၃) ရက်တာ အတွင်း စခန်း ၄ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ဦးသေဆုံးပြီး အရှင် ၄၁ ဦးဖမ်းမိခဲ့ကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

 

သိမ်းပိုက်နိုင်ခဲ့သည့် စခန်းများမှာ ကနီမြို့နယ် တာဝါတိုင်စခန်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့၊ ကလေးမြို့နယ်၊ ရန်ကြီးအောင်စခန်းနှင့် ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာရဲစခန်းတို့ဖြစ်ကြသည်။



 

နိုဝင်ဘာလ (၂၂) ရက်နှင့် (၂၃) ရက်တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ်ရှိ စကစတပ်အင်အား (၃၀) ခန့် အခြေပြုနေသည့် တာဝါတိုင်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

 

တိုက်ပွဲအတွင်း ရန်သူ့တပ်သား (၁) ဦး သေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော် (၃) ဦး အသက်ပေးလှူခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်က လက်နက်ငယ် (၁) လက်၊ ကျည်မျိုးစုံ (၂,၅၀၀) ကျော်၊ ဗုံးသီး (၁၀၇) လုံး၊ Equipment (၁) ခု၊ ကျည်အိမ် (၂) ခု၊ မိုင်း (၁၆) လုံး၊ အီနာဂါ (၄) လုံးနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

 

နိုဝင်ဘာလ (၂၁) ရက်၊ နံနက် (၆) နာရီတွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို နိုဝင်ဘာလ (၂၂) ရက်၊ ညနေ (၆) နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီး  တိုက်ပွဲအတွင်း ရန်သူ့တပ်သား (၈) ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။



 

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ရန်ကြီးအောင်စခန်းအား နိုဝင်ဘာလ (၂၁) ရက်မှ (၂၃) ရက်ထိ ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ့တပ်သား (၁၆) ဦး သေဆုံး (၁၇) ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။

 

ရန်သူ့တပ်ထံမှ G-3 (၉) လက်၊ MA-1 (၁၀) လက်၊ MA-3 (၅) လက် ၊ 5.56 ကျည် (၉,၅၄၇) တောင့်၊  7.62 ကျည် (၃,၅၄၆) တောင့်၊ RPG (၁) လက်၊ RPG အဖူး (၁၄) ဖူး၊ ၈၁ မမ မော်တာ (၁) လက်၊ ၈၁ မမ မော်တာကျည် (၆) ဖူးခု၊ MA-5 (၂) လက်၊ MA-4 (၂) လက်ဈ  MA ကျည်ဘောက် (၅၇) ခု၊  G-3 ကျည်ဘောက် (၁၈) ခု၊ ရှေ့ထွက်မိုင်း (၂) လုံး ၊ နင်းမိုင်း (၁၉) လုံး၊  လက်ပစ်ဗုံး (၁၀၅) လုံး၊ RPG ပို့ယမ်း (၁၂) တောင့်၊ အီနာဂါ (၆၁) လုံး၊ MA-1 ကာဘိုင်ကျည် (၉၈၀) တောင့်၊  Anti-Drone Gun (၁) လက်အပါအဝင် ပစ္စည်းအမျိုးအစား (၆၀) ကို သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။  

 

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ဦး ကျဆုံးပြီး (၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

 

  နိုဝင်ဘာလ (၂၁) ရက်၊ နံနက် (၂:၁၅) နာရီမှ (၃:၄၀) နာရီခန့်အထိ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံး ကျေးရွာရဲစခန်းအား ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ရာ ရန်သူ့ဘက်မှ (၃) ဦးသေဆုံးပြီး စခန်းမှူး နေအောင်ကျော်နှင့် ဒုရဲအုပ်အဆင့် (၂) ဦး အပါအဝင် အခြားအဆင့် (၁၆ )ဦး အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြသည်။  




ရန်သူ့တပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက် ခဲယမ်းနှင့် ပစ္စည်းကိရိယာစာရင်း ၁။ BA-94 - (၃)လက်

၂။ MA-13 - (၃) လက် ၃။ BA-63 - (၁၆) လက် (၃ လက် ပျက်စီး) ၄။ BA-64 - (၁) လက် ၅။ 79 ဗုံးပစ်လောင်ချာ - (၁)လက် ၆။ ၁၂ ဗို့ ပြောင်းချော - (၂) လက် ၇။ ၃၈ ဗို့ ပြောင်းချော - (၁) လက် ၈။ ၃၈ ဗို့ ၆ လုံးပြူး - (၄) လက် ၉။ 7.62 (G3) ကျည် - (၅,၅၈၇) တောင့် ၁၀။ ၉ မမ ကျည် - (၇၀၀) တောင့် ၁၁။ ၃၈၀ ကျည် - (၆) တောင့် ၁၂။ ကိုးလုံးကျည် - (၈၉) တောင့် ၁၃။ ၃၈ ဗို့ ရာဘာကျည် - (၆) တောင့် ၁၄။ ၃၈ ဗို့ ဓာတ်ငွေ့ကျည် - (၁၈) တောင့် ၁၅။ လက်ပစ်ဗုံးသီး - (၁၂) လုံး ၁၆။ ရှေ့ထွက်မိုင်း - (၆) လုံး ၁၇။ စိန်ရောင်ခြည်လက်ပစ်ဗုံး - (၂၀) လုံး ၁၈။ G3 ကျည်ဘောက် - (၂၈) ခု ၁၉။ MA-13/BA-94 ကျည်ဘောက် - (၁၀) ခု ၂၀။ ကပ်သီး (ရှေ့ထွက်မိုင်းဖြုစ်) - (၆) ခု ၂၁။ လှံစွပ် - (၁၁) ခု ၂၂။ ဓား - (၂) လက် ၂၃။ လက်ထိပ် - (၇) ခု ၂၄။ Icon အစုံ - (၁၅) လုံး  ၂၅။ Jammer - (၁) ခု ၂၆။ 4 Scope - (၁) ခု ၂၇။ ကျင်စက် - (၂) ခု  ၂၈။ ဖုန်းမျိုးစုံ - (၁၂) လုံး  ၂၉။ ငွေသား - (၉၀၈,၀၀၀) ကျပ် ၃၀။ ဆိုင်ကယ် - (၉) စီး သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြသည်။

 

အဆိုပါ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ဦး အသက်ပေးလှူခဲ့ရပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။  (  NN-30)

ဆက်စပ် သတင်းများ