ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

By မင်းထက် (မဇ္စျိမ)
12 March 2023
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် စကြဝတေး သပိတ်ကော်မတီမှ ဦးဆောင်ပြီး ယနေ့ မတ်လ ၁၂ ရက်နေ့ ညနေပိုင်း အချိန်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များက "စပြီးတဲ့

ဇာတ်ကို ဆုံးအောင်ကကြရမယ်" စာသားပါ ဘန်နာ(ဗီနိုင်း) အား ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင် ရဲဘော်ကျောက်ခဲ

ကပြောသည်။

အဆိုပါ သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စကြဝ တေးမင်းကြီးသပိတ်ကော်မတီ၏ (၁၈) ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly