ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

မိုးမိတ်မှာ သတ်ဖြတ်ပြီးစွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့

ရှမ်းမြောက်နဲ့ ကချင်အစပ် မိုးမိတ်မြို့နယ်မှာ မနေ့က မတ်လ ၄ ရက်နေ့ မနက်ပိုင်းက သတ်ဖြတ်ပြီး စွန့်ပစ် ထားတဲ့ အမျိုးသား၂ယောက်ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲ့ဒီအမျိုးသားနှစ်ယောက်ရုပ်အလောင်းကိုတွေ့ရှိချိန်မှာ နှိပ်စက်ဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်ပြီး မိုးမိတ်မြို့အနောက်ဘက်ခြမ်း နမ့်မိတ်ချောင်းစပ်မှာတွေ့ရှိခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

အမျိုးသားနှစ်ယောက်ဗျ တစ်ယောက်ကဝတယ် တစ်ယောက်ကပုံမှန်ပဲ တစ်ယောက်ရဲ့အင်္ကျီမှာက မူလ တန်းအခြေပြုဆရာအတတ်သင်မန်တုံမြို့ဆိုပြီး တွေ့တယ်သူ့ကိုတော့မျက်လုံးကိုအုပ်ပြီးသတ်ထားတာ နောက်တစ်ယောက်ဝဝနဲ့ကို လက်ကိုကြိုးတုပ်ပြီးသတ်ထားတယ်လို့ပြောပါတယ်။

ရုပ်အလောင်းတွေ့ရှိချိန်မှာ ပုပ်ပွနေပြီးအနံ့အတော်လေးထွက်နေတာကြောင့် ပရဟိတအဖွဲ့တွေကပဲ ချက်ချင်းမီးသင်္ဂြိုဟ်ပေးခဲ့ပြီး ရုပ်ကလည်းပျက်နေပြီဖြစ်လို့ ဘယ်သူဘယ်ဝါဆိုတာအတည်မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒီအမျိုးသားနှစ်ယောက်ကို နမ့်မိတ်ချောင်းတံတားအနီးမှာရှိတဲ့စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ သတင်းတွေထွက်နေပေမဲ့ KNG ကအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစ စစ်ကောင်စီတပ်တွေနဲ့ KIAပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန် ခဲ့တဲ့ မိုးမိတ်မြို့ဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ရ တဲ့မြို့ဖြစ်ပါတယ်။

တိုက်ပွဲတွေငြိမ်သက်သွားတာ ၂လကျော်ရှိပေမဲ့လည်း မိုးမိတ်မြို့ဟာ အရင်လိုပုံမှန်တော့မလည်ပတ်နိုင် သေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။

မြို့ထဲမှာကတော့တပ်ကရှိတာပေါ့ အရပ်သားတွေလည်းပြန်တော့ဝင်ကြတာပေါ့ နေအိမ်ပျက်သွားတဲ့သူ တွေကတော့ လုံးဝမဝင်တော့ဘူး လူဦးရေရဲ့ ၄ ပုံမှာ ၁ ပုံလောက်ပဲဝင်ကြတာပေါ့လို့ဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ်။

လက်ရှိမှာတော့ မိုးမိတ်မြို့နယ်ထဲက ဒေသခံထောင်နဲ့ချီဘေးလွှတ်ရာရွာတွေနဲ့တောတောင်တွေထဲမှာ ဆက်လက်တိမ်းရှောင်နေရသလို လက်ရှိအချိန်ထိမြို့တွင်းထဲမှာ နေအိမ်ဖောက်ထွင်းပြီးပစ္စည်းတွေလည်း ခိုးခံနေရဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button