မုံရွာ GTC ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

By မောင်ခက်နွေ(မဇ္ဈိမ)
16 May 2023
မုံရွာ GTC ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် GTC ကျောင်းအတွင်းတပ်စွဲထားသည့် စစ်‌ကောင်စီ တပ်ဖွဲ့ကို ယမန်နေ့ မေလ ၁၅ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Monywa Fighter Group က ထုတ်ပြန်ထားသည်။

GTC ကျောင်း၌ တပ်စွဲထားသော စကစ(စစ်ကောင်စီတပ်ဖွဲ့)၊ ပျူ(ပျူစောထီးဆိုသူ)များ ကျောင်းဝန်းရှေ့ စုဝေးနေချိန် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုအား Monywa Fighter Group ၊ ဒဿ Monywa PDF နှင့် Bo Tathaung People's Defense Force(BTT PDF)ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့‌ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်ကျဆုံးခြင်းမရှိဘဲ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။

မေလ ၁၂ ရက်ကလည်း မုံရွာစီးပွားရေးတက္ကသိုလ်၌ ဂိတ်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက် ခဲ့ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#မုံရွာမြို့

#စစ်ကောင်စီတပ်

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly