သတင်း

အသစ်ပြောင်းလားသည့် ဖားကန့်မြို့နယ် လဝက ဒု- ဦးစီးမှူးပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၏ စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုဦးစီးမှူးတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်းသိရသည်။

မတ်လ ၁၂ ရက်နေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်တွင် ကြက်တစ်ကောင်ကုန်းရပ်ကွက် ဖားကန့်နယ်မြေရဲစခန်းအနောက်ဘက်ရှိ ဝန်းထမ်းအိမ်ယာတန်းလျား နေအိမ်အတွင်းရှိနေစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦး KNG ကိုပြောသည်။

မနေ့က ရုံးပိတ်ရက်မို့လို့ အိမှာနေတဲ့အချိန် အိမ်ထဲကိုဝင်ပစ်သွားတာ။ ခေါင်းကို ၂ ချက်ပစ်ခံရလို့ အဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်။ သူက ပြောင်းလာတာလည်း မကြာသေးဘူး နှစ်ပွင့်နဲ့ဟုတ်တယ်ဟု ပြောသည်။

ပစ်သတ်ခံရသည့် လဝက ဒုဦးစီးမှူးသည် အသက် ၅၂ နှစ်ခန့်ရှိ ဦးမြင့်လွင်ဆိုသူဖြစ်ကာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အသစ်ပြောင်းလာသူဖြစ်ကြောင်း ဒေသခံများကပြောသည်။

အခင်းဖြစ်တဲ့နောက်တော့အဲ့နားတစ်ဝိုက်ဘယ်သူမှသွားလို့မရဘူး လမ်းတွေပိတ်ထားတာ အနီးဝန်ကျင်တွေကို စစ်ဆေးတာတွေလုပ်သေးတယ်။အလောင်းကိုတော့ဖြစ်ဖြစ်ချင်းပဲ ဖားကန့်ဆေးရုံပို့တယ်ဟု အခြားဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ပြီခဲ့သည့်လ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင်လည်း ယမန်နေ့ကအခင်းဖြစ်ပွားသွားသည့် ဝန်ထမ်းအိမ်ရာတန်းလျားအနီးတွင် အသက် ၄၀ ကျော်အရွယ်ရှိ ဦးသန်းစိုးနိုင်ဆိုသူအမည်မသိလက်နက်ကိုင်လူတစ်စုမှ ပစ်သတ်သွားသည့်ဖြစ်စဉ်ရှိခဲ့သည်။ 

ဖားကန့်မြို့နယ်တွင် စစ်အာဏာသိမ်းသည့်နောက် ယခုကဲ့သို့စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ရဲတပ်ဖွဲ့ဝင်များ၊ နယ်ထိန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသတ်ဖြတ်ခံရမှုမကြာခဏ ဖြစ်ပွားလျက်ရှိသည်။

Show More

Related Articles

Back to top button