မိုးဗြဲအရှေ့ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ KNDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား

By ကိုဇာနည် (မဇ္ဈိမ)
14 March 2023
မိုးဗြဲအရှေ့ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ KNDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား

ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲအရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းရှိရာ တောင်ပေါ်သို့ စစ်ကောင်စီ၏ တပ်မ(၆၆)က စစ်ကြောင်းထိုးလာသည့်အတွက် ဖယ်ခုံ PDF တပ်ရင်း (၂) ၊ KNDF B-03 ၊ URF ပူးပေါင်းတပ်ဖွဲ့တို့နှင့် မတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖယ်ခုံ PDF တပ်ရင်း(၂)က ယနေ့တွင် ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အလောင်းလေး‌လောင်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ပြီး ဒုတပ်ကြပ်အပါဝင်အများအပြားသေဆုံးခဲ့ကာ အရေအတွက်ကို အတည်ပြုနိုင်ရန် ကြိုးစားနေသည်ဟု ဖယ်ခုံ PDF တပ်ရင်း (၂) က ယနေ့ မတ်လ ၁၄ ရက် ညနေပိုင်းက ထုတ်ပြန်သည်။

“ညနေ ၃ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဖယ်ခုံအမြောက်တပ်နှင့် မိုးဗြဲ အခြေစိုက် (၄၂၂)တပ်တို့မှ လက်နက်ကြီးပစ်ကူ အမြောက်အများ အသုံးပြုသည့်အပြင် ညနေ ၅ နာရီခွဲ တွင် တိုက်လေယာဥ်နှစ်စီးဖြင့် သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီး ည ၇ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ သည်” ဟု ဖယ်ခုံ PDF တပ်ရင်း (၂)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် စစ်ရှောင်စခန်းအတွင်းသို့စစ်ကြောင်းထိုးလာပြီး စစ်ရှောင်အချို့ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးကာ အသက်(၈၁)နှစ်နှင့် အသက်(၇၈)နှစ်အရွယ် သက်ကြီးရွယ်အိုနှစ်ဦးအား မီးရှို့သတ် ဖြတ်ခဲ့ပြီး ၇ တန်းကျောင်းသားတစ်ဦးကိုလည်း ပစ်သတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူများကို ပူးပေါင်းတပ်ဖွဲ့မှ ကယ်ထုတ်နိုင် ရန်ကြိုးစားရင်း ဖယ်ခုံ PDF တပ်ရင်း (၂)မှ ရဲဘော် တစ်ဦးနှင့် KNDF B-03 မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရပြီး ပူးပေါင်းတပ်ဖွဲ့ဖက်က ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဖယ်ခုံ PDF တပ်ရင်း (၂)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးလှူသွားသော သူရဲကောင်းအာဇာနည်သုံးဦးအား အလေးနီပြု ဦးညွှတ်ပါကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်း-ကယားနယ်စပ်

#မိုးဗြဲမြို့

#စစ်ရှောင်စခန်း

#တိုက်ပွဲဖြစ်ပွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly