spot_imgspot_imgspot_imgspot_img
Saturday, April 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမောဆိုမြို့နယ်အရှေ့ခြမ်းမှာ ဒီကနေ့ မနက် တိုက်ပွဲဖြစ်ပွားနေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်း နန်းဟူးတွေကျေးရွာ နဲ့ ဒေါစဲကျေးရွာ ဘက်မှာ ဒီကနေ့ (မတ်လ ၁၀ရက်) မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

မနက် ၆ နာရီကတည်းက အသံကြားရတာာဖြစ်ပြီး (၁) နာရီ ကျော်ကြာ ပစ်ခတ်သံကြားရတယ်လို့ ဒီးမော့ဆိုဒေသခံတစ်ဦးက ဒီကနေ့ မနက် ၈နာရီခွဲမှာ ပြောပြပါတယ်။

” အသံကြားရတာတော့ မနက် ၆ နာရီ လောက်ကတည်းကပေါ့။ လက်နက်ငယ်သံကော လက်နက်ကြီးသံကော ကြားရတယ်။ ကြည့်ရတာ စစ်ကောင်စီရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့ နယ်မြေစိုးမိုးချင်လို့ စစ်ကြောင်းတွေ ထိုးလာတာ ဖြစ်မယ်။ အဲဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြန်လည်ခုခံလို့ တိုက်ပွဲတွေဖြစ်တာပေါ့။ အ့လိုထင်တာပေါ့။ ” လို့ ဒီးမော့ဆိုဒေသခံတစ်ဦး က ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်သံအပြင် ဒီးမော့ဆို အခြေစိုက် ခလရ (၁၀၂)တပ် နဲ့ အမတ (၃၆၀)တပ် တို့မှ လက်နက်ကြီးပစ်ကူသုံးနေတယ်လို့ ဆိုပါတယ်။ ဒီကနေ့ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

ယမန်နေ့ (မတ်လ ၉ရက်)မှာလည်း ဒီးမောဆိုအခြေစိုက် ခလရ (၁၀၂)တပ်နဲ့ အမတ (၃၆၀)တပ်တို့မှ ဒီးမော့ဆိုအရှေ့ခြမ်းကို တစ်နေကုန် လက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။

spot_img
spot_img