NUG ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ တွေ့ဆုံ

NUG ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ တွေ့ဆုံ

အမေရိကန်အကူအညီပေးမည့်ကိစ္စများနှင့် ပတ်သက်ပြီး NUG ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံနှင့် တွေ့ဆုံခဲ့ ကြောင်း NUG နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မတ် ၁၃ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြား ရေးဝန်ကြီးဌာန ဝါရှင်တန်ဒီစီ ရုံးခန်းသို့ အမေရိကန် ပြည်ထောင်စုအစိုးရ၊နိုင်ငံခြားရေး ဝန်ကြီးဌာနမှအတိုင်ပင်ခံ Derek Chollet နှင့်အဖွဲ့က လာရောက် တွေ့ဆုံခဲ့သည်။

၎င်းတို့အား NUG ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ကြိုဆိုလက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာပြည် အခြေအနေများ၊အမေရိကန်ပြည်ထောင်စု၏ ရပ်တည်ချက် များနှင့်အကူညီပေးနိုင်မည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ သတင်း၊ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီးဦးထင်လင်းအောင်လည်း တက်ရောက်ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly