စစ်ကောင်စီတပ်၏ ကျင်ဒွေးစခန်း ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

By ပါခွီး (မဇ္စျိမ)
13 March 2023
စစ်ကောင်စီတပ်၏ ကျင်ဒွေးစခန်း ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်းဒွေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကာင်စီတပ်သား ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF – Kanpetlet မှ မတ်လ ၁၃ ရက် ယနေ့ ထုတ်ပြန်ထား သည်။

ကျင်ဒွေးမြို့ပေါ်တွင် အထိုင်စခန်းချလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို မတ် ၁၁ ရက်နေ့ နံနက် ၆ နာရီမှ ၇ နာရီအထိတစ်ကြိမ်နှင့် နံနက် ၇ နာရီခွဲမှ ၁၀ နာရီခွဲအထိတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

“ ကျနော်တို့က ၁၀ ရက်နေ့ညမှာ ချဉ်းကပ်ခဲ့တယ်။ နောက်နေ့ မနက် ၆ နာရီမှာ ဝင်တိုက်ခဲ့တယ်။ ပြီး တော့ အဆုတ်ပြပြီးတော့ နောက်တစ်ကြိမ် ထပ်ဝင်တိုက်ခိုက်ခဲ့တာပါ” ဟု CDF – Kanpetlet တပ်မဟာ မှူး ဆလိုင်းထွန်းလိန်းက မဇ္စျိမသို့ ပြောသည်။

အဆိုပါ တပ်စခန်းတွင် စစ်ကောင်စီတပ်သား ၃၀ ဦးနှင့် ရဲ ၂၃ ဦး ရှိပြီး သေဆုံးသူ ငါးဦးမှာ စနိုက်ပါဖြင့် ပစ်ခတ်၍ ထိမှန်သူများကို သာရေတွက်ထားခြင်းဖြစ်ကြောင်းဆိုသည်။

ယင်းသို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှလည်း ပစ်အားကောင်းစွာဖြင့် ပြန်လည်တုံ့ပြန်ခဲ့သော် လည်း CDF – Kanpetlet တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ကျင်ဒွေးမြို့ထဲတွင် စစ်ကောင်စီတပ်သား ၃၀ ဦးရှိပြီး ဗျူဟာစခန်းတွင် ၅၀ ဦး ခန့်ရှိကာ ဖေဖော်ဝါရီလ အတွင်းက ချင်းကာကွယ်ရေးတပ်ဖွဲ့ရှိရာသို့ စစ်ကြောင်းထိုးပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မဟာမှူးက ဆိုသည်။

ကျင်ဒွေးမြို့အတွင်းမှ ပြည်သူအချို့မှာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကြသော်လည်း အများစုမှာ မြို့ တွင်း၌သာ ဆက်လက်နေထိုင်ကြပြီး ၁၀ တန်း စာမေးပွဲဖြေဆိုလျှက်ရှိကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly