Home
မြန်မာသတင်း
ပေါက်ခေါင်းမြို့၌ တပ်ကြပ်ကြီးနှင့် အုပ်ချုပ်ရေးမှူး သားအဖ ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
April 3, 2024
Pauk Khaung_03042024

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၊ ညောင်ပင်ကျေးရွာအုပ်စုမှာ ဖခင်ဖြစ်သူ အုပ်ချုပ်ရေးမှူး တင်ထွေးနဲ့ သားဖြစ်သူ တပ်ကြပ်ကြီး ကျော်သူစိုးတို့ နှစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလာစဉ် ထွက်ပြေးခဲ့လို့ ပစ်ခတ်ဖမ်းဆီးရာက သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဧပြီ ၂ ရက် ည ၈ နာရီလောက်က ကျေးရွာအတွင်း စစ်သားစုဆောင်းရေး လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ တပ်ကြပ်ကြီး သားအဖ သဖန်းကိုင်းရွာအရှေ့ဘက် သရက်ချောင်းလမ်းမှာ ဆိုင်ကယ်နဲ့ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရာ ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာက သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် သတင်းပြန်ကြားရေးတာဝန်ခံက “ပြည်သူတွေကို စစ်မှုထမ်းဖို့လုပ်တယ်။ အုပ်ချုပ်ရေးမှူးနဲ့ သူ့သားက စစ်တပ်နဲ့ အဆက်အသွယ် ကောင်းကောင်းလုပ်ထားပြီး စစ်မှုထမ်းဖို့ကို စာရင်းလိုက်ကောက်တယ်။ စစ်မှုမထမ်းချင်တဲ့သူတွေဆီက ပိုက်ဆံတောင်းတယ်။ အခုလိုတွေ မလုပ်ဖို့ သွားဖမ်းတာကို ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားတာ” လို့ DVB ကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူး တင်ထွေးနဲ့ သားဖြစ်သူ တပ်ကြပ်ကြီး ကျော်သူစိုးတို့ သရက်ချောင်းလမ်းပေါ်က ဖြတ်သန်းသွားလာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းစီးလာစဉ် ဆိုင်ကယ်ကို တွန်းလှဲပြီး ထွက်ပြေးဖို့ လုပ်ဆောင်တဲ့အတွက် ပစ်ခတ်ဖမ်းဆီးချိန် သေဆုံးခဲ့တာလို့ သိရပါတယ်။

အခုတိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PDF တပ်ရင်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆိုင်ကယ်တစီး၊ ဖုန်းနှစ်လုံး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်ကတ်နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။

Photo-PPDF

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024