Home
မြန်မာသတင်း
ကန်ပက်လက်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦးကို သတ်ဖြတ်
DVB
·
April 4, 2024
Untitled-1

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ခုပ်ရွာနဲ့ ဖျံချောင်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး မြေပြင်စစ်ကြောင်းက အရပ်သား ၁ ဦးကို သတ်ဖြတ်သွားတယ်လို့ ကန်ပက်လက်ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၃ ရက်နေ့  နေ့လယ် ၁ နာရီလောက်ကစတင်ကာ  ရဟတ်ယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ရွာအနီးဝန်းကျင်မှာ တောမီးလောင်ကျွမ်းနေပြီး လူနေအိမ်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဖျံချောင်းရွာထဲမှာ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက် အထိုင်ချထားပြီး ဧပြီ ၃ ရက် ညနေက ဖျံချောင်းရွာသား အသက် ၆၀ အရွယ် ဦးဟုန်းသာကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့က မနက်ပိုင်းမှာ ဖျံချောင်းရွာနားမှာ စကစနဲ့ ကာကွယ်ရေးဘက်က တိုက်ပွဲဖြစ်တယ်၊ နေ့လယ်ဘက်ကျ ရဟတ်ယာဉ်နဲ့ ၅ ကြိမ်ပတ်ပစ်သွားတယ်။ လေယာဉ်ပစ်လို့ ရွာနားပတ်ဝန်းကျင်တွေ မီးလောင်ပါတယ်၊ အိုးအိမ်ပျက်စီးမှု အတိအကျသိဖို့တော့ ခက်ခဲနေပါတယ်။ ရွာနားပတ်ဝန်းကျင်နဲ့ ရွာထဲမှာလည်း စကစတွေက နေရာယူထားပါတယ်” လို့ ကန်ပက်လက်ဒေသခံတဦးက ပြောပါတယ်။

လေကြောင်းနဲ့ တိုက်ပွဲကြောင့် ခုပ်ရွာနဲ့ဖျံချောင်းရွာက လူဦးရေ ၂၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အသေးစိတ်ထုတ်ပြန်တာမရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024