စစ်ပြေးဒုက္ခသည်များတိုက်ပွဲသတင်း

တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ကျောက်ဖျာကျေးရွာ ပြည်သူများထွက်ပြေးတိမ်းရှောင်

စစ်ရေးတင်းမာ‌‌နေတဲ့ ဖားကန့်မြို့နယ် ကျောက်ဖျာကျေးရွာမှာ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်တို့ သိမ်းပိုက်ထားတဲ့ နန့်တိန်းစခန်းကို ပြန်ရယူဖို့ ထိုးစစ်‌ဆင်ကြိုးစားနေတာကြောင့် ဖားကန့်နဲ့ နန့်တိန်းအကြား ကျောက်ဖျာရွာတစ်‌  လျှောက် နှစ်ဖက်စစ်ရေးတင်းမာနေတာလို့ဒေသခံတစ်ဦးက ပြောပါတယ်။

အခု ပစ်ကြခတ်ကြရင် ကျွန်တော်တို့ရွာက ကြားညပ်နေတာ၊အဲ့ဒါကြောင့် နီးစပ်ရာ လုံးခင်းက အမျိုးတွေဆီသွားနေဖို့ လုပ်နေတာပေါ့၊ရွာမှာ‌တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဘေးလွတ်ရာကို သွားနေကြပါပြီလို့ ကျောက်ဖျာကျေးရွာနေ ဦးအေးမင်း(အမည်လွဲ) ကပြောပါတယ်။

တိုက်ပွဲတိမ်းရှောင်ဖို့ လုပ်ဆောင်နေရာမှာ သက်ကြီးရွယ်အိုများ၊ကလေးသူငယ်များအား ဦးစားပေး ရွှေ့ပြောင်းဖို့ လုပ်ဆောင်နေတယ်လို့လည်း သူကဖြည့်စွတ်ပြောပါတယ်။

ကျောက်ဖျာကျေးရွာဟာ ဖားကန့်နန့်တိန်း လမ်းကြောပေါ်ရှိ ကျေးရွာလေးတစ်ရွာဖြစ်ပြီး အိမ်ခြေသုံးဆယ်ကျော်၊လူဦးရေ တစ်ရာ့ငါးဆယ်နီးပါး နေထိုင်နေတယ်လို့ သိရပြီး နန့်တိန်းကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျေးရွာနေပြည်သူတွေဟာ လယ်ပြင်ကျေးရွာရှိ ဘာသာရေးကျောင်းတွေမှာ တိုက်ပွဲတိမ်းရှောင် ရောက်ရှိနေကြပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ လုံးခင်းကျေးရွာရှိ စစ်တပ်အထိုင်ချထားတဲ့ နှစ်မျက်နှာဘုရားကုန်း၊ယမ်းချက်၊ဖားကန့်ဗျူဟာကုန်းကနေလည်း လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကစပြီး ဖားကန့်ကျောက်စိမ်းမှော်ဒေသကို ဝင်ထွက်သွားလာနိုင်တဲ့ အဓိကလမ်းမကြီး နှစ်ခုဖြစ်တဲ့ ဖားကန့်ကာမိုင်းမြစ်ကြီးနားလမ်း၊ ဖားကန့်ဝှေခါမိုးညှင်း လမ်းမကြီးပေါ်ရှိ စစ်တပ်ဗျူဟာကုန်းစခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နှစ်ဖက် စစ်ရေးပိုတင်းမာနေပြီး နေ့တိုင်းနီးပါး ထိတွေ့၊တိုက်ပွဲဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

By – NY

Show More

Related Articles

Back to top button