ကျောက်ကြီးမြို့နယ် ရွှေခါးမိုးရွာခံ သားအဖ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ကျောက်ကြီးမြို့နယ် ရွှေခါးမိုးရွာခံ သားအဖ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မေ ၂၅

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ် ဒလဆိပ် ကျေးရွာအုပ်စု ရွှေခါးမိုး ကျေးရွာဒေသခံ သားအဖ နှစ်ဦးကို စစ်ကောင်စီတပ်က မေလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဖမ်းဆီးသွားကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်သည်။

ဖမ်းခံရသည့် သားအဖမှာ ဦးကျော်မင်းစိုးနှင့် ကိုထက်လင်းစိုးတို့ ဖြစ်ပြီး ကျွန်းကြီးကျေးရွာသို့ ဖိတ်စာ သွားပို့စဉ် စစ်ကောင်စီတပ် ခလရ (၂၀) ဒုတပ်ရင်းမှူး နန္ဒအောင်က ဦးဆောင် ဖမ်းဆီး သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) သင်တန်းဆင်းဟု စွပ်စွဲပြီး ဖမ်းဆီးခံရကြောင်း ဖမ်ဆီးခံရသူတို့နှင့် နီးစပ်သူများထံက သိသည်။ ၎င်းတို့ သားအဖ နှစ်ဦးမှာ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ရှိ ရွှေတူးဖော်ခြင်း လုပ်ငန်းများတွင် နေ့စားအဖြစ် လုပ်ကိုင်နေသည့် ကျပန်း လုပ်သားများ ဖြစ်သည်။

ဒလဆိပ် ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က ရွှေကျင်မြို့နယ် အဖြစ် သတ်မှတ်သော်လည်း KNU က လယ်ဒို (ကျောက်ကြီး) မြို့နယ်အဖြစ် သတ်မှတ်ထားသည်။

#Mizzima

#ရွှေခါးမိုးကျေးရွာ

#ခလရ(၂၀)ဒုတပ်ရင်းမှူးနန္ဒအောင်

#ဦးကျော်မင်းစိုး

#ကိုထက်လင်းစိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly