သတင်း

လုံးခင်း စစ်တပ်ကုန်းနဲ့ စစ်ဆေးဂိတ်မှ စစ်ကောင်စီတပ်သားများစွန့်ခွာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက နှစ်မျက်နှာဘုရားကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တစ်ခုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စခန်းစွန့်ခွာပြောင်းရွေ့သွားပြီလို့ ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကတည်းကတပ်ထိုင်လာတဲ့ နှစ်မျက်နှာဘုရားကုန်းပေါ်က စစ်တပ်စခန်းကုန်းနဲ့ နှစ်မျက်နှာဘုရားရှေ့က လုံးခင်းကျေးရွာအဝင်ကားလမ်းမပေါ်မှာထိုင်ထားတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုတို့ဟာ တစ်နှစ်နီးပါးအကြာတပ်စွဲနေထိုင်ပြီးနောက် ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့ အပြီးတိုင်စခန်းစွန့်ခွာပြီး တစ်ခြားနေရာကိုဆုတ်ခွာသွားကြပြီလို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။

သူတို့က နှစ်မျက်နှာဘုရားပေါ်မှာတော့စခန်းချတယ် အောက်မှာကဂိတ်ထိုင်တာပေါ့ စခန်းချပြီးဂိတ်ထိုင်တာ လုံခြုံရေးကြောင့် ပြန်ဆုတ်သွားတာထင်ပါတယ်။ ဝါးတားဂိတ်တွေဆောက်ထားတဲ့ဟာတွေတောင် သိမ်းမသွားဘူး စစ်သားတွေပဲဆုတ်သွားတာ ယမ်းချက်ထဲကိုဆုတ်ဝင်သွားတယ်လို့ အထက်ပါအမျိုးသားကပြောပါတယ်။

ဆုတ်ခွာသွားတဲ့ တပ်စန်းကုန်းဟာ ပုံမှန်အင်အား ၂၀ ကျော်လောက်နဲ့ တပ်ထိုင်တာဖြစ်ပြီး စစ်ဆေးရေးဂိတ်မှာအရပ်သားတွေကိုအစစ်အဆေးများတဲ့အပြင် ကုန်ကားနဲ့ခရီးသည်တင်ကားတွေဆီကနေလည်း နေ့တိုင်း ဂိတ်ကြေး၊ငွေကြေးကောက်ခံတာတွေရှိတာကြောင့် အခုလိုတပ်ဆုတ်သွားတာဒေသခံတွေအတွက်သွားလာရေးပိုမိုအဆင်ပြေသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

သူတို့မရှိတော့ကောင်းတာပေါ့ဗျ။ သူတို့ရှိတဲ့အခါကြရင် တစ်ခါတလေ ရှောင်တခင်ဝင်စစ်တာမျိုး ပြီးတော့ကုန်းပေါ်ကနေလည်းသူတို့ မထင်ရင်မထင်သလိုလက်နက်ကြီးတွေပစ်တယ် ဒါမျိုးကြပြည်သူတွေထိတ်လန့်ရတယ်လေး သူတို့မရှိတော့ကောင်းတာပေါ့ဗျ ကျနော်တို့လွတ်လွတ်လပ်လပ်သွားလို့လာလို့ရတာပေါ့လို့ လုံးခင်းဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

အဲ့ဒီစခန်းတပ်ဆုတ်သွားတာဟာ KIAKPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲက ဝှေခါစစ်တပ်စခန်းကုန်းကိုဇန်နဝါရီလ ၂၇ရက်နေ့က သိမ်းပိုက်ခဲ့သလို ဖေဖော်ဝါရီလ ၂ရက်နေ့ကလည်း ဖားကန့်မြို့နယ်ထဲက နန့်တိန်းတပ်စခန်းကုန်းတို့ကိုသိမ်းပိုက်ခဲ့တာကြောင့်အခုလိုဆက်တိုက်စခန်းသိမ်းခံနေရတာကြောင့် လုံခြုံရေးစိုးရိမ်ပြီး ယမ်းချက်ဘက်ကိုတပ်ဆုတ်သွားတာဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။

အလားတူ ဖားကန့်မြို့အဝင်က စုပေါင်းစစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ လယ်ပြင်စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ  ရက်နေ့ မနက် ၁၀ နာရီ အချိန်မှတိုက်ပွဲမဖြစ်ပဲရုတ်သိမ်းသွားတာ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button